DVB Logo
Home
မြန်မာသတင်း
မန္တလေးပစ်ခတ်မှုတွင် တပ်ဖွဲ့ဝင်အချို့ အပြင်းအထန်ဒဏ်ရာရဟု စစ်ကောင်စီထုတ်ပြန်
DVB
·
June 22, 2021
မန္တလေးပစ်ခတ်မှုတွင် တပ်ဖွဲ့ဝင်အချို့ အပြင်းအထန်ဒဏ်ရာရဟု စစ်ကောင်စီထုတ်ပြန်
Donate to DVB

မန္တလေး၊ ချမ်းမြသာစည်မြို့နယ်မှာ ဇွန်လ ၂၂ ရက် ဒီနေ့မနက်က ပစ်ခတ်မှုဖြစ်ပွားပြီး   စစ်ကောင်စီအကြမ်းဖက်အဖွဲ့ရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ အပြင်းအထန်ဒဏ်ရာရရှိသွားတယ်လို့  စစ်ကောင်စီရဲ့ မီဒီယာတွေမှာ အတည်ပြု သတင်းထုတ်ပြန်ပါတယ်။ 

ဒီမနက် ၇ နာရီခွဲလောက်က ၅၄ လမ်းနဲ့ ၁၁၁ လမ်းထောင့် နေအိမ်တအိမ်မှာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူ ၄ ဦးနဲ့ ဖမ်းဆီးရမိသူ ၈ ဦးကို လက်လုပ်မိုင်း၊ လက်ပစ်ဗုံးနဲ့ လက်နက်ငယ်တချို့နဲ့ သိမ်းဆည်းရမိတယ်လို့  စစ်ကောင်စီသတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ၅၆ လမ်းနဲ့ ၁၁၀ လမ်းမှာလည်း ပစ်ခတ်ထွက်ပြေးသွားတဲ့ ပါဂျဲရိုးကားတစ်စီး  ထရန်စဖော်မာကို ဝင်တိုက်ပြီး ၄ ဦး သေဆုံးနေတာတွေ့ရတယ်လို့လည်း စစ်ကောင်စီ မီဒီယာတွေက ထုတ်လွှင့်သွားပါတယ်။ 

ပစ်ခတ်မှုဖြစ်ပြီးနောက်   အခင်းဖြစ်ပွားရာ  အနီးအနားပတ်ဝန်းကျင်က တွေ့ရာကြုံရာလူတွေကို စစ်တပ်က  စစ်ဆေးဖမ်းဆီးသွားတာဖြစ်တယ်လို့  မျက်မြင်ဒေသခံတွေက ပြောပါတယ်။  

အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီးနောက် နေရာတော်တော်များများမှာ လက်လုပ်မိုင်းတွေ ပေါက်ကွဲနေပြီး စစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ သံချပ်ကာကားတွေနဲ့ပါ လှည့်လည်နေတဲ့အတွက် လမ်းမတချို့မှာ ကားတာယာမီးရှို့တားဆီးတာတွေ လုပ်ထားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013