မြင်းခြံမြို့ ၌ ချိန်ကိုက်မိုင်း ၁ လုံး ပေါက်ကွဲ
DVB
·
June 21, 2021
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့မှာ ဇွန် ၂၀ ရက် ည ၉ နာရီလောက်က ချိန်ကိုက်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပါတယ်။
မြင်းခြံ အမှတ် (၆) ရပ်ကွက် သုံးဆူဘုရားအနီး ခံတပ်နေရာမှာ စစ်ကောင်စီက ဒေသခံလူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့ အဖြူရောင် ကားတစ်စီးကို ဗုံးနဲ့ ဖောက်ခွဲခဲ့တာလို့ ဒေသခံက ပြောပါတယ်။
ကားပေါ်မှာ စစ်ကောင်စီဘက် လူတချို့ လိုက်ပါလာပေမဲ့ ပေါက်ကွဲမှုကြောင့် လူထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။