DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်တပ်တော် အထူးတပ်မဟာ ၁၀၈ ဖွဲ့စည်းကြောင်း KNO ကြေညာ
DVB
·
June 13, 2021
ကချင်ပြည်တပ်တော် အထူးတပ်မဟာ ၁၀၈ ဖွဲ့စည်းကြောင်း KNO ကြေညာ
Donate to DVB

ကချင်ပြည်တပ်တော်ရဲ့ အထူးတပ်မဟာ ၁၀၈ ကို ဖွဲ့စည်းပြီးဖြစ်ကြောင်း ကချင်အမျိုးသားအစည်းအရုံး (KNO) က ဇွန်လ ၁၂ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

၂၀၁၉  ဇန်နဝါရီ ‌၁၂ ရက်နေ့မှာ ပြုလုပ်တဲ့ ကချင်အမျိုးသားညီလာခံရဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့ အချုပ်အခြာအာဏာသည် ပြည်သူလူထုထံမှ ဆင်းသက်သည့် လွတ်လပ်သော ကချင်ပြည်ကို တည်ထောင်ရန်ဟူသော နိုင်ငံရေးပန်းတိုင်ကို လက်‌တွေ့အကောင်အထည်ဖော်ဖို့ အခုလို အထူးတပ်မဟာ ၁၀၈ ကို ဖွဲ့စည်းလိုက်ကြောင်း အများပြည်သူကို အသိပေးထုတ်ပြန်လိုက်တာ လို့ ဆိုပါတယ်။

မိမိတို့ ကချင်ပြည်နဲ့ ပြည်သူတွေ လွတ်မြောက်သကဲ့သို့ အောက်ဗမာပြည်နဲ့ တခြားတိုင်းရင်းသား ကရင်နီ၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်းနှင့် ချင်းတွေလည်း လွတ်မြောက်မှာ ဖြစ်ကြောင်း၊ ကချင်ပြည်လွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲ၀င်နေတဲ့ ညီနောင် ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေတို့နဲ့ ကချင်ပြည်တပ်တော်တို့ တိုက်ပွဲတော်လှန်ရေး လုပ်ငန်းစဉ်တွေကို  တစိုက်မတ်မတ် ပူးတွဲလုပ်ဆောင်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မုံကိုးမြို့ ဖောင်းဆိုင်ဒေသမှာ ဖွင့်လှစ်လိုက်တဲ့ အဆိုပါ ကချင်ပြည်တပ်တော် အထူးတပ်မဟာ ၁၀၈ နဲ့ပတ်သက်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA/KIO) အနေနဲ့ အသိအမှတ်မပြုကြောင်း ဇွန်လ ၉ မှာ ကန့်ကွက်ထုတ်ပြန်ခဲ့ပါတယ်။

ကချင်တိုင်းရင်းသားလက်နက်ကိုင် နောက်တဖွဲ့ ထပ်ဖွဲ့စည်းဖို့မလိုအပ်ကြောင်းနဲ့ ကေအိုင်အေကို ဝင်ရောက်နိုင်တဲ့အကြောင်း ကမ်းလှမ်းထားပါတယ်။ 

ကချင်အမျိုးသားများအစည်းအရုံး KNO ဟာ ၁၉၉၉ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တဲ့ ပြည်ပ အခြေစိုက် ကချင်နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး အခု စစ်အာဏာသိမ်းပြီးနောက်မှာ လက်နက်ကိုင်အဖွဲ့ ထပ်ဖွဲ့လိုက်တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013