Home
မြန်မာသတင်း
ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် အင်အား ၁၀၀ ကျော်ဝင်ရောက်လာ
DVB
·
June 4, 2021
188912165_873819493478325_5385509877269086700_n

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် (ဝင်းရော်ဒေသ) ခလယ်တံခွန်တိုင်ကျေးရွာဘက်ကို အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင် အင်အား ၁၀၀ လောက် ဝင်ရောက်လာတဲ့အတွက် တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်တယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့လက်အောက်ခံ စစ်တပ်နဲ့ BGF တပ်ဖွဲ့ဝင် အင်အား ၁၀၀ လောက်ဟာ ကားအစီး ၂၀ နဲ့အတူ ဝင်ရောက်လာတာ ဖြစ်ပါတယ်။

အကြမ်းဖက်တပ်ဖွဲ့တွေဟာ BGF တပ်ဖွဲ့တံဆိပ်ပါတဲ့ ကားတွေအပြင်  အိမ်စီးကားတွေနဲ့ ဒီကနေ့ ညနေ ၄ နာရီလောက်ကစ​ပြီး ကျေးရွာတွေကို လှည်ပတ်သွားလာနေတယ်လို့ ​မျက်မြင်တွေရှိသူ ဒေသခံတစ်ဦးက ဆိုပါတယ်။

ကရင်ပြည်နယ်အတွင်းမှာ မတ်လ ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးနေ့ကစတင်ပြီး စစ်ရေးတင်းမာမှုတွေနဲ့အတူ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရတဲ့ဒေသခံ ၂၀၀၀၀ ကျော် ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024