DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့အခြေစိုက် DVB သတင်းထောက် ကိုအောင်ကျော်ကို ထောင်ဒဏ် ၂ နှစ်ချမှတ်
DVB
·
June 2, 2021
မြိတ်မြို့အခြေစိုက် DVB သတင်းထောက် ကိုအောင်ကျော်ကို ထောင်ဒဏ် ၂ နှစ်ချမှတ်
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အခြေစိုက် DVB သတင်းထောက် ကိုအောင်ကျော်ကို စစ်ကောင်စီတရားရုံးက ဇွန်လ ၂ ရက်နေ့မှာ ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ပါတယ်။

မတ်လ ၁ ရက်နေ့မှာ ကိုအောင်ကျော်ကို မြိတ်မြို့နေအိမ်မှာ စစ်တပ်က အကြမ်းဖက် ဝင်ရောက်ဖမ်းဆီးပြီး ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲခဲ့တာဖြစ်ပါတယ်။

ကိုအောင်ကျော်က သူ့ကို စစ်ကောင်စီတရားရုံးက ထောင် ၂ နှစ်ချလိုက်ပေမယ့် အယူခံဝင်ဖို့ အစီအစဉ်မရှိ တော့ဘူးလို့ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ တရားစီရင်ရေးကို လုံးဝအယုံအကြည်မရှိတဲ့အတွက် ကျနော်အယူခံ မဝင်တော့ပါဘူးလို့ ကိုအောင်ကျော်က စီရင်ချက်ချပြီးချိန်မှာ ပြောပါတယ်။

ကိုအောင်ကျော်ကို ထောင် ၂ နှစ်ချလိုက်တာနဲ့ပတ်သက်ပြီး သူ့ရဲ့ဇနီးမနေခြည်မိုးထက်က စစ်ကောင်စီတရားရုံးရဲ့ဆုံးဖြတ်ချက်ဟာ လုံးဝမတရားဘူးလို့ မှတ်ချက်ပေးပါတယ်။

ကိုအောင်ကျော်အမှုကို မြိတ်မြို့က ရှေ့နေတွေမလိုက်ရဲအောင် စစ်ကောင်စီက ဖိအားတွေ ပေးခဲ့တဲ့အတွက် ကိုအောင်ကျော်ဟာ မီဒီယာဥပဒေကိုကိုင်ပြီး တရားရုံးမှာ ကိုယ်တိုင်ပဲ ချေပခဲ့ရပါတယ်။ 

မြိတ်မြို့မှာ  ပြည်သူတွေအပေါ် စစ်တပ်ရဲ့ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး သတင်းအဖြစ်မှန်အတိုင်း  တိုက်ရိုက်တင်ဆက်ခဲ့တဲ့အတွက်  စစ်တပ်က ဖမ်းဆီးတရားစွဲ ထောင်ချခဲ့တာဖြစ်ပါတယ်။

အလားတူ ပုဒ်မ ၅၀၅ (က)နဲ့ ဖမ်ဆီးတရားစွဲခံနေရတဲ့ Mizzima သတင်းဌာနရဲ့ အလွတ်တန်းသတင်းထောက် ကိုဇော်ဇော်ကိုလည်း ဒီနေ့ ရုံးချိန်းမှာ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါတယ်။

ပြည်မြို့အခြေစိုက် DVB သတင်းထောက် ကိုမင်းညိုကိုလည်း အကြမ်းဖက်စစ်အုပ်စုက ထောင် ၃ နှစ်ချမှတ်ထားပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013