DVB Logo
Home
မြန်မာသတင်း
ဘဏ်ချေးငွေများ ပြန်ပေးသွင်းကြရန် မြန်မာနိုင်ငံဘဏ်များအသင်း တိုက်တွန်း
DVB
·
May 31, 2021
ဘဏ်ချေးငွေများ ပြန်ပေးသွင်းကြရန် မြန်မာနိုင်ငံဘဏ်များအသင်း တိုက်တွန်း
Donate to DVB

ပြန်ဆပ်ချိန်စေ့နေတဲ့ ဘဏ်ချေးငွေတွေကို အချိန်အမီ ပေးသွင်းပေးကြဖို့  မြန်မာနိုင်ငံ ဘဏ်များအသင်းက တိုက်တွန်းနှိုးဆော်ထားပါတယ်။

အများပြည်သူက ဘဏ်တွေကို ယုံကြည်လို့ အပ်နှံထားတဲ့ငွေတွေကို ပြန်လည်ထုတ်ပေးရာမှာ အဆင်ပြေစေဖို့အတွက် အခုလို တိုက်တွန်းတာဖြစ်တယ်လို့ သိရပါတယ်။

ဘဏ်ချေးငွေဆပ်ဖို့ အချိန်စေ့တဲ့သူတွေအနေနဲ့ ချေးငွေ အတိုး၊ အရင်းကို ပြန်ပေးဆပ်ရာမှာ ငွေသားနဲ့ ပေးသွင်းနိုင်သလို၊ စာရင်းပြောင်းနည်း၊ စာရင်းရှင်းနည်းတို့နဲ့လည်း ပေးဆပ်နိုင်တယ်လို့ မြန်မာနိုင်ငံ ဘဏ်များအသင်းက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် လူမှုစီးပွားတွေအပေါ် ဆိုးကျိုးသက်ရောက်မှုတွေ ရှိခဲ့သလို စစ်တပ် အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ အခြေအနေတွေကြောင့်လည်း လူမှုရေး၊ စီးပွားရေးအပြင် အဘက်ဘက်က ယိုယွင်းကျဆင်းလာတာ၊ အလုပ်လက်မဲ့ လူဦးရေ များပြားလာတာတွေကို တွေ့ကြုံခံစားနေရပါတယ်။

ဒါကြောင့် ဘဏ်တွေအနေနဲ့ ပြန်ဆပ်ချေးငွေတွေ အချိန်မီ အပြည့်အဝ ပြန်လည်ရရှိနိုင်ဖို့ သိပ်မလွယ်ကူနိုင်ဘူးလို့ လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပါတယ်။

ဘဏ်တွေကတော့  ချေးငွေထုတ်ချေးရာမှာ ဗဟိုဘဏ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ထုတ်ချေးရတာ ဖြစ်ပါတယ်။ ဘဏ်တွေရဲ့ ရပ်တည်မှုခိုင်မာဖို့နဲ့ အများပြည်သူက ဘဏ်အပ်နှံငွေတွေ ပြန်လည်တောင်းခံချိန်မှာ အလွယ်တကူထုတ်ပေးနိုင်ဖို့အတွက် ဗဟိုဘဏ်ကချေးငွေနဲ့ အပ်ငွေအချိုးတွေကို သတ်မှတ်ပေးထားတာပါ။

ဘဏ်တွေဟာ အများပြည်သူ အပ်နှံထားတဲ့ အပ်ငွေစုစုပေါင်းရဲ့ ရာခိုင်နှုန်းတစ်ခုကို ဗဟိုဘဏ်မှာ ထားရှိရထားဖြစ်ပြီးတော့၊ ဒီသတ်မှတ်ရာခိုင်နှုန်းအောက်ကို  မရောက်အောင်  ဗဟိုဘဏ်က စောင့်ကြည့်ပြီး ကြီးကြပ်စစ်ဆေးတာတွေ လုပ်ဆောင်တာဖြစ်ပါတယ်။

ဒါပေမဲ့ လက်ရှိ မြန်မာနိုင်ငံရေး အခြေအနေတွေကြောင့် ပြည်တွင်းဘဏ်လုပ်ငန်းတွေနဲ့ မြန်မာကျပ်ငွေအပေါ် လူထုရဲ့ ယုံကြည်မူတွေ ဆက်လက်လျော့နည်းကျဆင်းနေပြီး ပြန်အပ်ငွေ ပြန်လည်ထုတ်ယူသူတွေလည်း ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013