DVB Logo
Home
မြန်မာသတင်း
ကနီမြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူများ ဆေးဝါးအကူအညီ အရေးပေါ်လိုအပ်နေ
DVB
·
May 30, 2021
ကနီမြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူများ ဆေးဝါးအကူအညီ အရေးပေါ်လိုအပ်နေ
1 / 5
Donate to DVB

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းက စစ်ဘေးရှောင်နေရသူတွေဟာ ရာသီဥတု ပူပြင်းလို့ ဝမ်းပျက်ဝမ်းလျှောရောဂါ အဖြစ်များနေတာကြောင့်  ဆေးဝါးတွေ အကူအညီ အရေးပေါ်လိုအပ်နေတယ်လို့  စစ်ဘေးရှောင်အရေး ကူညီနေသူတွေထံက သိရပါတယ်။

ကနီအထက်ပိုင်းမှာ ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူတစ်ဦးက  “လောလောဆယ် ကျနော်တို့ ခက်ခဲနေတာက ဆေးဝါးပါ။ အစားအသောက်က လောလောဆယ် ယာယီကတော့ အဆင်ပြေနေသေးတယ်။ ပြည်တွင်းက‌ စေတနာရှင် အနည်းငယ် လှူဒါန်းတာတွေရှိတော့ တော်သေးတယ်ဗျ။ ဆေးဝါးကတော့ အတော်လေးကို လိုအပ်နေတယ်။ ကျနော့်အုပ်စုက  စစ်ဘေးရှောင်လူဦးရေ ၅၀၀၀ ကျော်ရှိတယ်ဗျ။ အခု တောထဲမှာ ပုန်းရှောင်နေရတော့ တောထဲမှာရှိတဲ့ ဖက်ဆွတ်ရေတွေ သောက်ရတော့ ကလေးတွေ ဝမ်းပျက်ဝမ်းလျှော ဖြစ်တယ်။ ဖျားတယ်။ သက်ကြီးရွယ်အိုတွေ နေမကောင်းဖြစ်တာတို့၊ ကိုယ်ဝန်ဆောင်မိခင်တွေ မီးဖွားရတာတို့ အခက်အခဲတွေ အတော်ကိုဖြစ်နေတယ်ဗျ။ ဒါတောင် မိုးမရွာသေးလို့ မိုးရွာရင် အမိုးအကာအတွက် အခက်အခဲဖြစ်ဦးမှာ”လို့ DVB ကို ပြောပါတယ်။

ကနီမြို့နယ်အတွင်း ကျေးရွာတွေမှာ  စစ်ကောင်စီအကြမ်းဖက်တပ်တွေက ဥပဒေမဲ့အနိုင်ကျင့် ဖမ်းဆီး နှိပ်စက် သတ်ဖြတ်၊ ပစ္စည်းတွေကို လုယူဖျက်ဆီးတာတွေ လုပ်နေတဲ့အတွက် ထောင်နဲ့ချီတဲ့ ဒေသခံရွာသားတွေဟာ အိုးအိမ်စွန့်ခွာ တောထဲ ထွက်ပြေးနေကြ ရတာပါ။ 

လတ်တလော ကနီမြို့နယ်အတွင်းက ကျေးရွာတိုင်းလိုလိုမှာ ပြည်သူတွေ စစ်ဘေးရှောင်နေရကာ အမိုးအကာ၊ ဆေးဝါးနဲ့ အစားအသောက်တွေ အရေးတကြီး  လိုအပ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013