DVB Logo
Home
မြန်မာသတင်း
NLD ပါတီဝင်ကို စစ်တပ်က ဖမ်းမမိသဖြင့် သားသမီးကို ဖမ်းဆီးပြီး ရွှေထည် ကျပ် သိန်း ၃၀၀ ကျော်ဖိုးယူသွား
DVB
·
May 30, 2021
NLD ပါတီဝင်ကို စစ်တပ်က ဖမ်းမမိသဖြင့် သားသမီးကို ဖမ်းဆီးပြီး ရွှေထည် ကျပ် သိန်း ၃၀၀ ကျော်ဖိုးယူသွား
Donate to DVB

မန္တလေးမြို့မှာ စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့ဝင်တွေက အန်အယ်လ်ဒီပါတီ ရပ်ကျေး ဘဏ္ဍာရေးမှူးကို လာရောက်ဖမ်းဆီးရာမှာ မတွေ့တဲ့အတွက် သား သမီး ၂ ယောက်ကို ဖမ်းဆီးပြီး ရွှေထည်ပစ္စည်း ကျပ် သိန်း ၃၀၀ ကျော်ဖိုး လုယက်ယူသွားပါတယ်။

မေလ ၂၇ ရက်က ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက် ၁၀၅ (A) လမ်း၊  လမ်း ၅၀ နဲ့ ၅၁ အကြားရှိ နေအိမ်မှာ  ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ အန်အယ်လ်ပါတီ ရပ်ကျေးဘဏ္ဍာရေးမှူး ဒေါ်မေသူကို စစ်ကောင်စီရဲ့ အကြမ်းဖက်အဖွဲ့တွေ ဝင်ဖမ်းရာ မတွေ့တဲ့အတွက်  သူ့ရဲ့ အသက် ၁၂ နှစ်အရွယ် သမီးနဲ့ အသက် ၂၂ အနှစ်အရွယ်သားတို့ကို ဓားစားခံအနေနဲ့ ဖမ်းဆီးသွားတာပါ။

ဒါ့အပြင် တရားဝင်လိုင်စင်နဲ့ ဖွင့်လှစ် လုပ်ကိုင်နေတဲ့ ဒေါ်မေသူရဲ့ မေတ္တာအမိန့်ရအပေါင်ဆိုင်ကနေ စစ်ကောင်စီအကြမ်းဖက်အဖွဲ့ဝင်တွေက  ကာလပေါက်ဈေး ကျပ် သိန်း ၃၀၀ ဖိုးလောက်ရှိတဲ့ ရွှေတွေနဲ့ ငွေကျပ် ၁၀ သိန်းလောက်ကို ယူဆောင်သွားခဲ့တယ်လို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေါ်မေသူက ပြောပါတယ်။

နောက်နေ့ မေလ ၂၈ ရက်နေ့မှာ ဓားစားခံအဖြစ် ဖမ်းဆီးခံရတဲ့ ဒေါ်မေသူရဲ့  သားနဲ့ သမီးတို့ကို ပြန်လွှတ်ပေးခဲ့ပေမယ့်  ယူဆောင်သွားတဲ့ ရွှေနဲ့ ငွေသားတွေကိုတော့ ပြန်မပေးဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013