DVB Logo
Home
မြန်မာသတင်း
NCA လက်မှတ်ထိုး တိုင်းရင်းသားအဖွဲ့များ စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန် မရှိသေး
DVB
·
May 29, 2021
NCA လက်မှတ်ထိုး တိုင်းရင်းသားအဖွဲ့များ စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန် မရှိသေး
Donate to DVB

NCA စာချုပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီးတဲ့နောက် လောလောဆယ် စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမှာ မဟုတ်သေးဘူးလို့ သဘောတူခဲ့ကြပါတယ်။ 

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့နဲ့ ညှိနှိုင်းဆောင်ရွက်ရေးကိစ္စရပ်တွေကို ဆက်လက်ဆောင်ရွက်သွားရေးမူကို ဆက်ကိုင်ထားဖို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်ရေးအဖွဲ့ PPST က ဆုံးဖြတ်ခဲ့ပါတယ်။

လက်ရှိနိုင်ငံရေးအခြေအနေအရ NCA လက်မှတ်ထိုး ၁၀ ဖွဲ့အနေနဲ့ လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စုဖွဲ့မှုအသစ်တရပ် ဖော်ဆောင်ရေးကို အရင်တခေါက် လုပ်ခဲ့တဲ့ ၁၅ ကြိမ်မြောက်အစည်းအဝေးက ဆုံးဖြတ်ထားပါတယ်။ ဒီဆုံးဖြတ်ချက်နဲ့ပတ်ပြီး ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်ပြီး လက်ရှိမှာ တပ်ပေါင်းစုတရပ် ဖော်ဆောင်ရေးထက် ပူးပေါင်းဆောင်ရွက်ရေးကို အလေးထားဆောင်ရွက်နိုင်ဖို့ နည်းလမ်းရှာနေပါတယ်။

PPST အစည်းအဝေး အပိတ်မိန့်ခွန်းမှာ PPST ယာယီခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွတ်စစ်က လက်ရှိနိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်ရေးအတွက် တဘက်တလမ်းကနေပြီး NCA အသိသက်သေ နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေက ကြားဝင် ဖျန်ဖြေစေ့စပ်ခြင်းကိစ္စကို အကျေအလည် ဆွေးနွေးပြီး လုပ်ငန်းစဉ်များ ချမှတ်နိုင်ခဲ့ပါတယ်။

PPST ၁၆ ကြိမ်မြောက် အစည်းအဝေးမှာ အရင်အစည်းအဝေးက ဆုံးဖြတ်ချက်တွေအပေါ် အကောင်အထည်ဖော်မှုအခြေအနေတွေကို တင်ပြဆွေးနွေးခဲ့ကြတာကြောင့် အစည်းအဝေးအပြီးမှာ ကြေညာချက် သီးသန့်ထုတ်ပြန်တာ မရှိခဲ့ပါဘူး။ 

အခုတခေါက် PPST ရဲ့အွန်လိုင်းပေါ်မှာ လုပ်ခဲ့တဲ့ အစည်းအဝေးကို KNU ကရင် အမျိုးသားအစည်းအရုံးကိုယ်စားလှယ် တက်ရောက်ခြင်း မရှိခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013