DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်လက်ထက် တစ်လအတွင်း ဆန်ဈေးနှုန်း တစ်အိတ်ကျပ် ၂၅၀၀ ခန့်အထိ မြင့်တက်
DVB
·
May 27, 2021
စစ်အာဏာရှင်လက်ထက် တစ်လအတွင်း ဆန်ဈေးနှုန်း တစ်အိတ်ကျပ် ၂၅၀၀ ခန့်အထိ မြင့်တက်
Donate to DVB

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး ၄ လနီးပါးအကြာ ပြည်တွင်းဈေးကွက်မှာ တစ်လအတွင်း ဆန်တစ်အိတ်ကို ကျပ် ၁၀၀၀ ကနေ ၂၅၀၀ အထိ ဈေးနှုန်း မြင့်တက်လာတယ်လို့ ဆန်ကုန်သည်အသင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဧပြီလကုန်ပိုင်းက ဆန်ဈေးနဲ့ မေ ၂၆ ရက်အထိ ဆန်ဈေးကို နှိုင်းယှဉ်ကြည့်ပါက ဆန်ချောတစ်အိတ်ကို ကျပ် ၂၀၀၀ ကနေ ၂၅၀၀ အထိဈေးတက်လာပြီး ဆန်ကြမ်းတစ်အိတ်ကို ကျပ် ၁၀၀၀ ကနေ ၂၀၀၀ အထိ ဈေးတက်လာတာကို တွေ့ရပါတယ်။ 

ပြည်သူတွေဟာ ဆန်ချောတစ်အိတ်ကို ကျပ် ၃၇၀၀၀ ဝန်းကျင်ဈေးပေးနေရပြီး ဆန်ကြမ်းတစ်အိတ်ကို ၂၀၀၀၀ ဝန်းကျင်ဈေးပေးပြီး ဝယ်စားနေရပါတယ်။ 

ဘဏ်တွေကနေ ငွေလွှဲအခက်အခဲရှိနေတာ သယ်ယူပို့ဆောင်ရေးအခက်အခဲ ရှိနေတာ ကြောင့် ဆန်ဈေးတက်တာလို့ ကုန်သည်တချို့က ပြောပါတယ်။

ဆန်ကုန်သည်တစ်ဦးက “ပြီးခဲ့တဲ့နှစ်တုန်းက ကိုဗစ်ရောဂါပိုး ဂယက်ရှိခဲ့ပေမဲ့ ဆန်တင်ပို့မှု လျော့မကျဘဲ မြင့်တက်ခဲ့ပါတယ်။ အခု ဘဏ္ဍာနှစ်မှာတော့ ဆန်တင်ပို့တဲ့ကာလဖြစ်ပေမဲ့ ပြည်ပ အဝယ်နည်းတာကြောင့် ပြည်ပတင်ပမှု လျော့ကျခဲ့ပါတယ်။ ကုန်းလမ်း၊ ရေလမ်းကုန်သွယ်ရေးတွေ လည်း အဆင်မပြေဖြစ်နေတယ်” လို့ ပြောပါတယ်။

အခု ၂၀၂၀- ၂၀ ၂၁ ဘဏ္ဍာနှစ်မှာ ပြည်ပကို ဆန်နဲ့ဆန်ကွဲတန်ချိန် ၁၄ သိန်းနီးပါးပဲ တင်ပို့နိုင်ခဲ့ပြီး အရင်နှစ်ကာလတူတင်ပို့မှုနှုန်းနဲ့ နှိုင်းယှဉ်ပါက ပြည်ပတင်ပို့မှု တန်ချိန်လေးသိန်းကျော်လျော့ကျခဲ့ပါတယ်လို့ ဆန်ကုန်သည်တစ်ဦးက ရှင်းပြပါတယ်။  မြန်မာ့ဆန်တွေကို  တရုတ်နိုင်ငံဆီ အဓိကတင်ပို့ရောင်းချနေပြီး အိမ်နီးချင်း အာဆီယံ နိုင်ငံတွေနဲ့ အာဖရိကနိုင်ငံတွေကိုလည်း တင်ပို့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013