DVB Logo
Home
မြန်မာသတင်း
စစ်သင်တန်းမပို့ချရန် အကြမ်းဖက်စစ်ကောင်စီက ကန့်ကွက်စာပို့သည့်အပေါ် ကေအန်ယူ တုံ့ပြန်
DVB
·
May 20, 2021
စစ်သင်တန်းမပို့ချရန် အကြမ်းဖက်စစ်ကောင်စီက ကန့်ကွက်စာပို့သည့်အပေါ် ကေအန်ယူ တုံ့ပြန်
Donate to DVB

စစ်သင်တန်းတွေပို့ချတာတွေ မလုပ်ဖို့   ကရင်အမျိုးသားအစည်းရုံး(ကေအန်ယူ)ကို ကရင်ပြည်နယ် အကြမ်းဖက်စစ်ကောင်စီက မေလ  ၁၈ ရက်နေ့စွဲနဲ့  ကန့်ကွက်စာပေးပို့လိုက်ပါတယ်။ 

စစ်ကောင်စီရဲ့ ကန့်ကွက်လွှာမှာ မတရားအသင်းအဖြစ် ကြေညာထားတဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မီတီ၊အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ သူတို့ရဲ့ လက်အောက်ခံ အဖွဲ့အစည်းမှာ ပါဝင်သူတချို့ကို ကေအန်ယူ တပ်မဟာ ၁ ၊ တပ်မဟာ ၆ နဲ့ တပ်မဟာ  ၇ နယ်မြေတွေမှာ  လက်နက်ကိုင် အကြမ်းဖက်လုပ်ရပ်တွေအတွက် စစ်သင်တန်းတွေ ပို့ချပေးနေတယ်လို့ ဖမ်းဆီးရမိသူတချို့ထံမှ သိရကြောင်း ဖော်ပြပါတယ်။ 

ဒါဟာ အန်စီအေ သဘောတူစာချု်ပပါ ဒေသဆိုင်ရာ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးဆိုင်ရာကိစ္စရပ်ဟူသော အချက်ကို ဖောက်ဖျက်နေပြီး အစိုးရရဲ့ အု်ပ်ချုပ်မှု ယန္တရားပျက်ပြားစေရန် ရည်ရွယ် လုပ်ဆောင်နေကြောင်းတွေ့ရှိတဲ့အတွက် ကန်ကွက်ကြောင်း ကရင်ပြည်နယ် စစ်ကောင်စီက ကေအန်ယူ ဗဟိုနဲ့ တပ်မဟာများ ဆက်ဆံရေးရုံးကို  ကန့်ကွက်လွှာပေးပို့တာဖြစ်ပါတယ်။

ဒီကန့်ကွက်လွှာနဲ့ ပတ်သက်ပြီး ကေအန်ယူ အထွေထွေအတွင်းရေးမှူး ၂ ပဒိုစောလှထွန်းက  ကေအန်ယူနယ်မြေအတွင်းမှာ  လွှတ်တော် youth camp ဖွင့်လှစ်ထားတာရှိပေမယ့် စစ်သင်တန်းပို့ချတာမရှိဘူးလို့ ပြောပါတယ်။ 

“ဒီမှာ စစ်သင်တန်းပေးတာ ရှိမှ မရှိဘဲ၊  ကျနော်တို့ လူငယ် youth camp တွေ အဲဒါပဲ ရှိတာပေါ့။ တခြားတော့ မကြားမိပါလား။ သူတို့သတင်းရတာပဲ မှားသလား၊ ဒီမှာကတော့ ပုံမှန်လုပ်နေတဲ့ youth camp တွေကတော့ ပုံမှန်လုပ်နေတာရှိတယ်လေ။ တပ်မဟာ ၆ ၊ တပ်မဟာ ၇ အဲဒါတွေလုပ်တဲ့အတွက် အဲဒါနဲ့ သွားမှားတာလား။  နောက်မဟုတ်ရင်လည်း သူတို့တပ်က ထွက်ပေးတဲ့ ဘယ်ဗိုလ်ကြီးလဲ သူတို့အဖွဲ့တွေက သင်တန်းပေးတာ၊ အဲဒီသတင်း သိရတယ်လေ။ အဲဒါသွားမှားတာလား။ ကေအန်ယူကတော့ အဲဒီလူငယ်တွေ youth camp သင်တန်းပေးတာကလွဲ ပြီး တခြားဘာမှရှိပါလား” ။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုရဲ့ နယ်မြေအတွင်း ဖောက်ခွဲဖျက်ဆီးရေး သင်တန်းတက်ရောက်ခဲ့တွေနဲ့ သူတို့နဲ့ ပါဝင်ပတ်သက်သူ ၂၂ ယောက်ကို  ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်သွားမယ်လို့ စစ်တပ်ပိုင် မီဒီယာတွေကနေ မေလ ၉ ရက်က သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013