
ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် အထောက်အကူပြုအဖွဲ့ Delta Support Group ( DSG ) ကို ဖွဲ့စည်းလိုက်ပြီလို့ မေလ ၁၉ ရက်နေ့က ကြေညာလိုက်ပါတယ်။
ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသအတွင်းရှိ မြို့ရွာဒေသအသီးသီးက စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီပြည့်ဝတဲ့ ဖယ်ဒရယ် ပြည်ထောင်စုမြန်မာနိုင်ငံတော်သစ် တည်ဆောက်ရေး တိုက်ပွဲဝင်နေကြသူတွေအတွက် အထောက်အကူပြုစေဖို့ NUG ရဲ့ လမ်းညွှန်ချက်နဲ့ DSG ကို ဖွဲ့စည်းလိုက်တာပါ။
DSG အနေနဲ့ မြစ်ဝကျွန်းပေါ်ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့စည်းတည်ဆောက်နိုင်ရေးကို အဓိက ဆောင်ရွက်သွားမှာမယ်လို့လည်း ထုတ်ပြန်ချက်အရသိရပါတယ်။