DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် ကျောင်းအုပ်ဆရာ ဆရာမ အယောက် ၅၃၀ တာဝန်မှ ယာယီရပ်နားခံရ
DVB
·
May 19, 2021
စစ်ကိုင်းတိုင်းတွင် ကျောင်းအုပ်ဆရာ ဆရာမ အယောက် ၅၃၀ တာဝန်မှ ယာယီရပ်နားခံရ
Donate to DVB

စစ်ကိုင်းတိုင်းအတွင်း အထက်တန်းကျောင်းအုပ်နဲ့ အလယ်တန်းကျောင်းအုပ်တွေ အပါအဝင် ပညာရေးဝန်ထမ်း အယောက်  ၅၃၀ ကို အကြမ်းဖက်စစ်အုပ်စုက တာဝန်မှ ယာယီရပ်နားလိုက်ပါတယ်။ 

ခန္တီး၊ ဟုမ္မလင်း၊ ကလေး၊ ကလေးဝ၊ လဟယ်၊ မင်းကင်း၊ ကသာ၊ အင်းတော်၊ ဗန်းမောက်၊ ထီးချိုင့်၊ ကောလင်း၊ ပင်လယ်ဘူး၊ ဝန်းသို၊ ကန့်ဘလူ၊ ကျွန်းလှ၊ မော်လိုက်၊ ဖောင်းပြင်၊ မုံရွာ၊ အရာတော်၊ ချောင်းဦး၊ ဘုတလင်၊ စစ်ကိုင်း၊ မြင်းမူ၊ မြောင်၊ ရွှေဘို၊ ရေဦး၊ ခင်ဦး၊ မြို့ဝက်လက်၊ တန့်ဆည်၊ ဒီပဲယင်း၊ တမူး၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ပုလဲ၊ ကနီ အစရှိတဲ့ မြို့နယ်များမှ အထက်တန်းကျောင်းအုပ် ၈၀ ဦး၊ အလယ်တန်းကျောင်းအုပ် ၄၅၀ ဦးကို မေလ ၇  ရက်နေ့က စပြီး အလုပ်တာဝန်မှ ရပ်ဆိုင်းလိုက်တာပါ။

ဒီလို အလုပ်က ယာယီရပ်ဆိုင်းရတာဟာ ခွင့်စည်းကမ်းကို ဖောက်ဖျက်ပြီးခွင့်မဲ့ပျက်ကွက်တာ လုံလောက်တဲ့အကြောင်းပြချက်မရှိဘဲ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၁၆၁၊ နည်းဥပဒေခွဲ (ဃ)၊ နည်းဥပဒေ (၁၇၀)  အရ ဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာနရဲ့ မေလ ၁၂ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

လာမယ့် ဇွန် ၁ ရက်မှာ နိုင်ငံတဝန်း အခြေခံပညာကျောင်းတွေ ဖွင့်လှစ်ဖို့ အကြမ်းဖက်စစ်ကောင်စီက စီစဉ်နေသလို  တဘက်မှာလည်း  ဆရာ၊ ဆရာမတွေကို အလုပ်ထုတ်ပစ်နေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013