DVB Logo
Home
မြန်မာသတင်း
ဒိုက်ဦးမြို့တွင် CDM ပညာရေး၀န်ထမ်းအချို့ဖမ်းခံရ
DVB
·
May 17, 2021
ဒိုက်ဦးမြို့တွင် CDM ပညာရေး၀န်ထမ်းအချို့ဖမ်းခံရ
Donate to DVB

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်ပညာရေးမှူးရုံးမှာ မတ် ၁၆ ရက်ညက ပေါက်ကွဲမှုဖြစ်အပြီး စစ်ကောင်စီရဲ့ အကြမ်းဖက် လက်နက်ကိုင်တွေဟာ CDM ဝင်နေတဲ့ ပညာရေးဝန်ထမ်းအချို့ ဖမ်းဆီးခဲ့ပါတယ်။

အကြမ်းဖက်လက်နက်ကိုင်တွေဟာ ရပ်ကွက်တွေထဲ သေနတ်တွေပစ်ဖောက်ပြီး အိမ်ထဲအထိ ၀င်ရောက် ဖမ်းဆီးခဲ့ရာမှာ CDM ၀င်ထားတဲ့ ပညာရေး၀န်ထမ်း ၂ ယောက်ပါဖမ်းဆီးခံရပြီး နောက်ထပ် CDM ၀န်ထမ်းတွေကို ဖမ်းဆီးဖို့သွားတာ မတွေ့လို့ ဓားစာခံအဖြစ် သူ့ရဲ့ယောက်ဖနဲ့ တခြားမိသားစုဝင်တစ်ယောက်ကို ဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံ CDM ပညာရေး၀န်ထမ်းတွေကိုတော့ တာ၀န်ပြန်ထမ်းဆောင်ဖို့ ခံ၀န်လက်မှတ် ရေးထိုးမှ ပြန်လွှတ်ပေးမယ်လို့ ပြောတဲ့အကြောင်း မြို့ခံတွေက ပြောဆိုပေမဲ့ မိသားစု၀င်‌တွေဆီက သီးခြားအတည်ပြုချက် မရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013