DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ကူးစက်မှုမြင့်တက်နေသည့် အိန္ဒိယမှ ဩစတြေးလျနိုင်ငံသား ၈၀ ကို ပထမအကြိမ် ပြန်ခေါ်
DVB
·
May 16, 2021
ကိုဗစ်ကူးစက်မှုမြင့်တက်နေသည့် အိန္ဒိယမှ ဩစတြေးလျနိုင်ငံသား ၈၀ ကို ပထမအကြိမ် ပြန်ခေါ်
Donate to DVB

အိန္ဒိယကနေ လာမယ့်ခရီးသည်တွေကို တားမြစ်ပိတ်ပင်ထားတဲ့ အငြင်းပွားဖွယ် အမိန့် ကြေညာချက်ကို ဖက်ဒရယ်အစိုးရကနေ ပယ်ဖျက်လိုက်ပြီးနောက် မေ ၁၅ ရက်မှာ ခရီးသည် ၈၀ လောက် လိုက်ပါလာတဲ့ ဩစတြေးလျရဲ့ ပထမဆုံးနေရပ်ပြန်လည်ခေါ်ဆောင်ရေးလေယာဉ်ဟာ နယူးဒေလီကနေ ပျံသန်းရောက်ရှိလာပါတယ်။  

စနေနေ့လေယာဉ်နဲ့လိုက်ပါဖို့  လေယာဉ်စီး ခရီးသည်အပြင် အနီးကပ် ထိတွေ့သူတွေ ကိုလည်း ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုတွေလုပ်ပြီး negative အဖြေ ၂ ခါ ထွက်မှ လိုက်ပါခွင့်ရခဲ့ ပေမဲ့ လူအယောက် ၇၀ လောက်ကို လေယာဉ်ပေါ်တက်ခွင့် တားမြစ်ခဲ့ပါတယ်။ 

ဩစတြေးလျကို ရောက်ရှိလာသူတွေကို Howard Springs မှာရှိတဲ့ သတ္တုတူးဖော်ရေး စခန်းကို အသွင်ပြောင်းထားတဲ့ဆီ ခေါ်ဆောင်သွားပြီး ၂ ပတ်ကြာ ကွာရန်တင်း ထားရှိမှာ ဖြစ်ပါတယ်။ 

အစိုးရအနေနဲ့ ဇွန်လကနေစပြီး ၂ ပတ်တစ်ခါ လူ ၂၀၀၀ လောက်ကို တာဝန်ယူ ဆောင်ရွက်နိုင်ဖို့ ဒါဝင်မြို့ရဲ့အရှေ့တောင်ဖက် ၁၆ မိုင်အကွာလောက်မှာရှိတဲ့ အဲ့ဒီအဆောက် အအုံကို ၂ ဆကျော် ပိုဆံ့အောင် ရည်ရွယ်ထားပါတယ်။ 

ဒီလထဲမှာ တော်ဝင်ဩစတြေးလျလေတပ်က နေရပ်ပြန်လည်ခေါ်ဆောင်ရေး လေကြောင်း ခရီးစဉ် ၂ ခုကို စီစဉ်ထားပြီး ဇွန်လအကုန်မှာ လူ ၁၀၀၀ လောက် ပြန်လာနိုင်စေဖို့ ရည်ရွယ်ထားပါတယ်။ 

ကိုဗစ်ဒဏ် အဆိုးဆုံးခံရတဲ့ အိန္ဒိယကနေ အိမ်ပြန်ခွင့်ရဖို့ လုပ်နေတဲ့ ဩစတြေးလျနိုင်ငံသားတွေနဲ့ အမြဲနေထိုင်ခွင့်ရသူ အယောက် ၉၀၀၀လောက် ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013