DVB Logo
Home
မြန်မာသတင်း
မယ်စကြဝဠာNational Costume ဝတ်စုံပြိုင်ပွဲ၌ မြန်မာအလှမယ် Top 10 စာရင်းဝင်
DVB
·
May 15, 2021
မယ်စကြဝဠာNational Costume ဝတ်စုံပြိုင်ပွဲ၌ မြန်မာအလှမယ် Top 10 စာရင်းဝင်
1 / 10
Donate to DVB

အမေရိကန်ပြည်ထောင်စုမှာ ကျင်းပနေတဲ့ မယ်စကြဝဠာပြိုင်ရဲ့ (National Costume) နိုင်ငံကိုယ်စားပြုရိုးရာဝတ်စုံပြိုင်ပွဲမှာ မြန်မာအလှမယ် သူဇာဝင့်လွင်က  Top 10  ထိပ်ဆုံး ၁၀ ယောက် စာရင်းဝင်အဖြစ် ရွေးချယ်ခံရပါတယ်။

မေလ ၁၄ ရက်က ယှဉ်ပြိုင်တဲ့ မယ်စကြဝဠာပြိုင်ရဲ့ (National Costume) ဝတ်စုံတွေထဲကနေ  အံ့မခန်းစွဲမက်စရာအကောင်းဆုံးအလှမယ် ၁၀ ယောက်စာရင်းကို missosology ဝက်ဆိုက်ကနေ ရွေးချယ် ဖော်ပြရာမှာ  ကင်မရွန်းအလှမယ်ရဲ့ ရိုးရာဝတ်စုံက ထိပ်ဆုံး နံပတ် ၁ အဖြစ် ရွေးချယ်ခံရပါတယ်။ 

နံပတ် ၂ ဒုတိယနေရာမှာတော့ မြန်မာအလှမယ် သူဇာဝင့်လွင်က ရွေးချယ်ခံရပါတယ်။   တကယ်တော့ မြန်မာအလှမယ် မူလက ဝတ်ဆင်ယှဉ်ပြိုင်ဖို့ပြင်ဆင်ထားတဲ့ အစိမ်းရောင်နဲ့ ရွှေရောင် အမျိုးသားဝတ်စုံကတော့ ကံမကောင်းစွာနဲ့ ပဲ ပျောက်ဆုံးသွားခဲ့ပြီး အချိန်မီရောက်မလာခဲ့တဲ့ အတွက် ရိုးရာ ချင်းတိုင်းရင်းသား ဝတ်စုံကို ဝတ်ဆင်ယှဉ်ပြိုင်ခဲ့ရတာပါ။  မြန်မာနိုင်ငံက တောင်ပေါ်တိုင်းရင်းသားတွေဝတ်ဆင်တဲ့ ပုတီးစေ့လေးတွေနဲ့ ရက်လုပ်ဖန်တီးထားတဲ့ ဝတ်စုံကပဲ မြန်မာအလှမယ်ကို ခုလို အကောင်းဆုံးဝတ်စုံစာရင်းဝင်ဖို့ အကျိုးရှိစေခဲ့တာဖြစ်ပါတယ်။ 

ဒါ့အပြင် မြန်မာအလှမယ်ဟာ ပြိုင်ပွဲစင်မြင့်ပေါ်မှာရတဲ့ အခွင့်အရေးကို အရယူပြီး  ဒုက္ခအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေအတွက်ရည်ရွယ်ပြီး "Pray For Myanmar” မြန်မာနိုင်ငံအတွက် ဆုတောင်းပေးကြဖို့ နိုင်ငံတကာအသိုင်းအဝန်းကို တောင်းဆိုဆန္ဒထုတ်ဖော်သွားခဲ့ပါတယ်။ 

National Costume ပြိုင်ပွဲမှာ ကမ္ဘာ့နိုင်ငံအသီးသီးက အလှမယ်တွေက နိုင်ငံအလိုက်ဆန်းသစ် တီထွင်ထားတဲ့ ရိုးရာဒီဇိုင်းဝတ်စုံတွေနဲ့ ဝင်ပြိုင်ခဲ့ကြရာမှာ ကင်မရွန်း၊ မြန်မာ၊ အိန္ဒိယ၊ ယူကရိန်း၊ ပီရူး၊ ကိုလံဘီယာ၊ မက္ကစီကို၊ ပါရာဂွေး၊ ဖင်လန်နဲ့ ဒိုမေနီကန်သမ္မတနိုင်ငံတွေက အလှမယ်တွေက Top 10 စာရင်းမှာ အစဉ်လိုက် ပါဝင်နေတာဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်နိုင်ငံရဲ့ အလှမယ်က National Costume  ဆုရရှိမယ်ဆိုတာကိုတော့ ပြိုင်ပွဲနောက်ဆုံးနေ့မှာ ကြေညာမှာ ဖြစ်ပါတယ်။

၆၉ ကြိမ်မြောက် မယ်စကြဝဠာပြိုင်ပွဲ နောက်ဆုံးဖိုင်နယ်ပွဲစဉ်ကို မေလ ၁၆ ရက်နေ့ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါ  ဟောလီးဝုဒ်မှာ ကျင်းပမှာဖြစ်ပါတယ်။

PhotoCredit- missosology

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013