DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံ ဂျပန်သတင်းထောက် မစ္စတာ ယူကီခိတဇုမိကို အမှုပိတ်သိမ်း ပြန်လွှတ်ပေးမည်
DVB
·
May 14, 2021
ဖမ်းဆီးခံ ဂျပန်သတင်းထောက် မစ္စတာ ယူကီခိတဇုမိကို အမှုပိတ်သိမ်း ပြန်လွှတ်ပေးမည်
Donate to DVB

အင်းစိန်ထောင်မှာ ဖမ်းဆီးတရားစွဲခံထားရတဲ့ ဂျပန်သတင်းထောက် မစ္စတာ ယူကီခိတဇုမိ ကို မြန်မာ-ဂျပန်နှစ်နိုင်ငံဆက်ဆံရေးကို ရှေးရှုပြီး အမှုပိတ်သိမ်းကာ ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က   မေလ ၁၃ ရက်မှာ ကြေညာပါတယ်။ 

ဂျပန်သတင်းထောက်ဟာ CDM လှုပ်ရှားမှုနဲ့ စစ်အာဏာရှင်ဆန့်ကျင်တဲ့ လူထုဆန္ဒပြမှုတွေ ဆက်လက်ပြုလုပ်နိုင်ဖို့ ထောက်ပံ့ပေးခဲ့တာ စစ်ဆေးတွေ့ရှိရလို့ ဧပြီ ၁၈ ရက်နေ့မှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) အပြင် ဗီဇာစည်းကမ်းဖောက်ဖျက်မှုနဲ့ပါ  အမှုဖွင့် တရားစွဲထားတာလို့ဆိုပါတယ်။

ဂျပန်သတင်းထောက်ဟာ ဥပဒေချိုးဖောက်ထားသူဖြစ်ပေမဲ့ မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံတို့ရဲ့ အခုအချိန်အထိ ရင်းနှီးတဲ့ ဆက်ဆံမှုနဲ့ အနာဂတ်ဆက်ဆံရေးကို ရှေးရှုပြီး မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရအထူးကိုယ်စားလှယ်ရဲ့ မေတ္တာရပ်ခံ ချက်ကို အလေးထားပြီး သူ့ကို စွဲဆိုထားတဲ့အမှုတွေကို ရုပ်သိမ်းပြီး ပြန်လည် စေလွှတ်ပေးမယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဧပြီ ၁၈ ရက်ညပိုင်းမှာ  ဂျပန်နိုင်ငံသား အလွတ်သတင်းထောက် မစ္စတာ ယူကီခိတဇုမိကို ရန်ကုန် ပုဇွန်တောင်မြို့နယ်  ရေကျော်လမ်းရှိ သူ့ရဲ့ နေအိမ်မှာဖမ်းဆီးသွားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်ကလည်း  ရန်ကုန် မြေနီကုန်းမှာ  စစ်အာဏာရှင်ဆန့်ကျင်‌ဆန္ဒပြတဲ့ ပြည်သူတွေကို သတင်းယူနေတဲ့  သတင်းထောက် ယူကီခိတဇုမိကို ရဲတပ်ဖွဲ့က မနက်ပိုင်းမှာ  အဓမ္မ ဖမ်းဆီးသွားပြီး ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့ ပါတယ်။

မစ္စတာခိတဇုမိ ဟာ  ၂၀၀၁ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ နစ်ကေး သတင်းဌာနမှာ အလုပ်လုပ်ကိုင်ခဲ့ပြီး ရန်ကုန်မှာ နေထိုင်နေကာ  Yangon Henshu Production  မီဒီယာလုပ်ငန်းကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်၊

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံခြားသား သတင်းထောက် ၂ ဦး ဖမ်းဆီးခံခဲ့ရရာမှာ တစ်ဦးက ဂျပန်နိုင်ငံသားဖြစ်ပြီး နောက်တစ်ဦးကတော့ ပိုလန်နိုင်ငံသားဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013