DVB Logo
Home
မြန်မာသတင်း
တလုပ်မြို့ကို အကြမ်းဖက်စစ်တပ်ကဝင်စီးပြီး အမျိုးသမီးနှင့် ကလေးများအပါအဝင် ရွာသား ၁၀၀ ကျော်ကို ဖမ်းဆီး
DVB
·
May 12, 2021
တလုပ်မြို့ကို အကြမ်းဖက်စစ်တပ်ကဝင်စီးပြီး အမျိုးသမီးနှင့် ကလေးများအပါအဝင် ရွာသား ၁၀၀ ကျော်ကို ဖမ်းဆီး
Donate to DVB

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ  ရွာလေးရွာ စုပေါင်းထားတဲ့ တလုပ်မြို့ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက မေလ ၁၂ ရက် မနက်ပိုင်းမှာ ဝင်ရောက်စီးနင်းပြီး အမျိုးသမီး ၂၀ အပါအဝင် လူဦးရေ ၁၀၀ ကျော်ကို ဖမ်းဆီးသွားပါတယ်။

ဖမ်းဆီးခံရသူတွေအထဲမှာ ၂ အရွယ် ကလေးတစ်ယောက်ပါ ပါတယ်လို့ မြင်းခြံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်သား အင်အား ၅၀၀ ကျော်နဲ့ ရွာရဲ့ပတ်ပတ်လည်လည်ကို ဝိုင်းထားကာ မေလ ၁၂ ရက် ဒီနေ့ မနက် ၅ နာရီဝန််းကျင်အထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး ကျေးရွာတွေထဲက ကတုတ်ကျင်းတွေကို ဖြိုဖျက် စီနင်းဝင်ရောက်ခဲ့တာလို့ဆိုပါတယ်။

ဒေသခံတွေရဲ့ လက်လုပ်မိုင်းကြောင့် အကြမ်းဖက်စစ်ကောင်စီဘက်ကလည်း  ၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သလို တလုပ်မြို့ရွာက ပြည်သူ ၄ ယောက်လည်း မစိုးရိမ်ရ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

အခု အကြမ်းဖက်စစ်တပ်ဟာ တလုပ်မြို့ရွာထဲက ရဲထိုင်ရွာ၊ ကုန်းပေါ်ရွာနဲ့ မြို့မရွာတွေကို ဝင်ရောက်စီးနင်းခဲ့ပြီး မြောက်ရွာလေးလို့ ခေါ်တဲ့ ရွာကိုတော့ အခုချိန်ထိ မစီးနင်းနိုင်သေးဘူးလို့ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

တလုပ်မြို့ဟာ ရွာလေးရွာကို ပေါင်းထားတဲ့ ရွာကြီးဖြစ်ပြီး အိမ်ခြေ ၁၅၀၀ နီးပါးရှိသလို လူဦးရေ ၁၀၀၀၀ ကျော်နေထိုင်ပါတယ်။ လက်ရှိမှာတော့ ကျေးရွာတွေထဲက သက်ကြီးရွယ်အို အမျိုးသမီးနဲ့ ကလေးတွေကတော့‌ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013