DVB Logo
Home
မြန်မာသတင်း
တရုတ်ဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေး ၃ ဦးသေဆုံးပြီးနောက် စစ်တပ်ကရွာကိုဝင်စီး
DVB
·
May 5, 2021
တရုတ်ဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေး ၃ ဦးသေဆုံးပြီးနောက် စစ်တပ်ကရွာကိုဝင်စီး
Donate to DVB

မန္တလေးတိုင်း ကျောက်ဆည်မြို့ရှိ  ကျောက်ဆည်တက္ကသိုလ်အနီး တောမရွာမှာ ဒီမနက်အစောပိုင်းက တရုတ်ဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ဓားနဲ့ခုတ်ခံရပြီး ပွဲချင်းပြီး သေဆုံးခဲ့တာနဲ့ပတ်သက်လို့  စစ်ကား ရဲကား အင်အားအလုံးအရင်းနဲ့ တောမရွာကို ဝင်စီးခဲ့ပြီး ရွာသားတွေကို ဖမ်းဆီးသွားပါတယ်။

တောမရွာက ကျူရှင်ဆရာ ဦးမျိုးမင်းဇော်အိမ်ကိုလည်း ဝင်ရောက် ရိုက်ခွဲဖျက်ဆီးသွားပြီး တောမရွာရဲ့ တစ်ရွာကျော်က မုံပင်ရွာကိုလည်း ဝင်ရောက် သောင်းကျန်းသွားတယ်လို့ မုံပင်ရွာ ဒေသခံတွေက ပြောပါတယ်။ 

မုံပင်ရွာကိုလည်း  စစ်ကား ၁၀ စီးလောက်ရောက်လာပြီး သေနတ်ဖောက်ရာ ရွာသားတွေထွက်ပြေးခဲ့ကြရပါတယ်။

စျေးဆိုင်တွေက ဆန်အိတ်ငါးပိုင်း၊ ဆေးလိပ်ဘူးတွေ ခိုးယူသွားပြီး အန်အယ်လ်ဒီ အစိုးရလက်ထက်တာဝန်ထမ်းခဲ့တဲ့ အုပ်ချုပ်ရေးမှူးအိမ်က ဆိုင်ကယ် တစ်စီး၊ ရွှေတွေနဲ့ ပိုက်ဆံ ကျပ် ၅ သိန်းအပြင် တခြားတစ်အိမ်က ပိုက်ဆံ ၇ သိန်း ယူသွားတယ်လို့သိရပါတယ်။ 

ဒါ့အပြင် ဆရာဝန် ဦးသန်းရွှေ၊ ကိုကျော်ကြီးနဲ့ တခြားရွာက ရွာသားတစ်ဦး၊ အသက် ၁၃ နှစ်အရွယ် မောင်ဇော်မင်းခန့်နဲ့ မောင်မိုးဒီတို့ကို အကြောင်းပြချက်မရှိ တွေ့တာနဲ့ ဆွဲခေါ်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ 

မုံပင်ရွာကို ပန်းရန်လာလုပ်တဲ့ လူငယ်တစ်ဦးကိုလည်း မြင်တာနဲ့ ပြေးတယ်ဆိုပြီး သူ့ရဲ့သုံးဘီးဆိုင်ကယ်ကို မြောင်းထဲ ကန်ချခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

ကျောက်ဆည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KDDF အနေနဲ့ ဒီနေ့ဖြစ်ရပ်ကို အတိအလင်းထုတ်ပြန်ထားပြီး တောမရွာကို ဖိနှိပ်ဖို့လာတဲ့ စစ်ကားတွေကို ရပ်တန့်စေဖို့ နေရာ ၃ နေရာ ဗုံးခွဲခဲ့တယ်လို့ DRPA အဖွဲ့ကလည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013