DVB Logo
Home
မြန်မာသတင်း
ယင်းမာပင်ခရိုင်ရှိ စစ်ရှောင်များ ကျန်းမာရေးအပြင် နေထိုင်စားသောက်ရေးအခက်အခဲဖြစ်
DVB
·
April 26, 2021
ယင်းမာပင်ခရိုင်ရှိ စစ်ရှောင်များ ကျန်းမာရေးအပြင် နေထိုင်စားသောက်ရေးအခက်အခဲဖြစ်
1 / 4
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်၊ ကနီ စတဲ့ မြိုနယ်တွေရှိ ကျေးရွာတွေက စစ်ရှောင်ပြည်သူ ၁၀၀၀ လောက်ဟာ ကျန်းမာရေးအပြင် နေထိုင်စားသောက်ရေးပါ အခက်အခဲရှိလာနေတယ်လို့ စစ်ဘေးရှောင်ပြည်သူတစ်ဦးက ပြောပါတယ်။

ကနီမြို့နယ် ဆယ်ရွာအပါအဝင် ယင်းမာပင်မြိုနယ်ထဲက အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်နဲ့ထိစပ်နေတဲ့ ကျေးရွာတွေကို စစ်ကောင်စီ အကြမ်းဖက်တပ်တွေက အခုလ ဆန်းပိုင်းကစလို့  အကြမ်းဖက် ဝင်ရောက်ပစ်ခတ် ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တာပါ။

ဒေသခံပြည်သူတွေက ကျေးရွာတွေထဲ ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို တူမီးသေနတ်အပါအဝင် ရရာ လက်နက်တွေနဲ့ ပြန်လည်ခုခံတာတွေရှိခဲ့ပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

"အခက်ခဲဆုံးကတော့ ဖုန်းလိုင်း၊ အင်တာနက်လိုင်းမရတာပဲ။ ဒီအတွက် ဒီမှာဖြစ်နေတဲ့ အခြေအနေတွေကို တနိုင်ငံလုံးက ပြည်သူတွေ မသိကြဘူး။ နဂိုကတည်းက ကျနော်တို့ ဒေသက ဖုန်းလိုင်းမကောင်းတဲ့အထဲ အခုလိုဖြစ်တော့ ပိုဆိုးတာပေါ့။ လောလောဆယ်တော့ ရေခန်းတော့ သောက်သုံးရေ အခက်အခဲရှိတယ်။ ဆေးဝါးအခက်အခဲရှိတယ်။ ဒါက အရေးကြီးလိုအပ်နေ တာပေါ့" လို့ ဆယ်ရွာဒေသခံ စစ်ဘေးရှောင်ပြည်သူ တစ်ဦးက ဆိုပါတယ်။

နွေရာသီဖြစ်တဲ့အတွက် စစ်ရှောင်ပြည်သူတွေမှာ သောက်သုံးရေ၊ ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာ၊ အဝတ်အထည် အခက်အခဲတွေလည်း ဖြစ်ပေါ်နေပြီး နေမကောင်းသူ တချို့မှာ ကျန်းမာရေးစောင့်ရှောက်မှု ပြည့်စုံလုံလောက်စွာ မရတဲ့အတွက် သေဆုံးတာတွေလည်း ရှိနေ တယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီအကြမ်းဖက်တပ်တွေက လူအင်အား၊ လက်နက်အင်အား အဆမတန်သုံးစွဲကာ ခုခံတဲ့ ကျေးရွာတွေကို အကြမ်းဖက်ဝင်ရောက်ဖျက်ဆီးတာ၊ ဖမ်းဆီး သတ်ဖြတ်တာတွေ ရှိနေတဲ့အတွက်  ကျေးရွာနေပြည်သူ တွေ သက်ကြီးရွယ်အို၊ ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်နှင့် ကျန်းမာရေး မကောင်းသူတွေ အပါအဝင် ရွာလူကျွတ် ထွက်ပြေးနေရတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013