DVB Logo
Home
မြန်မာသတင်း
မင်းသားဇဏ်ခီနှင့် ဒါရိုက်တာ ခရစ္စတီးနားခီတို့ကို ဆက်လက်စိစစ်ရန် နေအိမ်တွင်ထားရှိဟု စစ်ကောင်စီ သတင်းထုတ်
DVB
·
April 22, 2021
မင်းသားဇဏ်ခီနှင့် ဒါရိုက်တာ ခရစ္စတီးနားခီတို့ကို ဆက်လက်စိစစ်ရန် နေအိမ်တွင်ထားရှိဟု စစ်ကောင်စီ သတင်းထုတ်
1 / 2
Donate to DVB

သရုပ်ဆောင်မင်းသား ဇဏ်ခီနဲ့ ဇနီးဖြစ်သူ ဒါရိုက်တာ  ခရစ္စတီးနားခီတို့ကို စစ်ဆေးဖို့  ရန်ကုန်လေဆိပ်မှာ ခေတ္တတားမြစ်ခဲ့ပြီး ဆက်လက်စိစစ်နိုင်ဖို့ နေအိမ်မှာ  ပြန်လည်နေထိုင်စေခဲ့ တယ်လို့ စစ်ကောင်စီရဲ့ မီဒီယာတွေကနေ ဒီကနေ့ ဧပြီ ၂၂ ည ၈ နာရီသတင်းမှာ ထုတ်လွှင့်သွားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်က  မင်္ဂလာဒုံလေဆိပ်မှာ MAI လေကြောင်း ခရီစဉ်အမှတ် 8M-335 နဲ့ရန်ကုန်လေဆိပ်မှ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်သို့ လိုက်ပါမယ့်  မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား Mr.Alfred Soe Chan Kyi(ခ) ဇဏ်ခီ၊ ဇနီး ခင်ဝတ်မှုန်ဦး(ခ) ခရစ္စတီးနားခီ၊ သားဖြစ်သူ Mr.Noah Lynn Htet Kyi နဲ့ အိမ်အကူ မလဗျဂျာဆိုင်းနန်တို့ ၄ ဦးကို စိစစ်နိုင်ဖို့ သူတို့ လိုက်ပါမယ့်ခရီးစဉ်ကို  ခေတ္တတားမြစ်ထားရှိခဲ့တာလို့ဆိုပါတယ်။

သူတို့နဲ့ပတ်သက်ပြီး လိုအပ်သလို ဆက်လက်စိစစ်နိုင်ဖို့  ဧပြီလ ၁၇ ရက်နေ့မှာဘဲ သူ့မိသားစုနေထိုင်တဲ့ ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၆)ရပ်ကွက်ရှိ ကွန်ဒိုမှာ  ပြန်လည်နေထိုင်စေတယ်လို့  MRTV နဲ့ မြဝတီသတင်းမှာ ကြေညာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013