DVB Logo
Home
မြန်မာသတင်း
We Support Heroes အဖွဲ့တွင် ဇဏ်ခီဇနီးမောင်နှံပါဝင်လာ၊ တနိုင်ငံလုံး ကွန်ရက်ဖွဲ့ရန်ဖိတ်ခေါ်
DVB
·
February 10, 2021
We Support Heroes အဖွဲ့တွင် ဇဏ်ခီဇနီးမောင်နှံပါဝင်လာ၊ တနိုင်ငံလုံး ကွန်ရက်ဖွဲ့ရန်ဖိတ်ခေါ်
Donate to DVB

We Support Heroes အဖွဲ့မှာ ခီမောင်နှံလို့ ပရိသတ်တွေ သိကြတဲ့ သရုပ်ဆောင် မင်းသား ဇဏ်ခီတို့ ဇနီးမောင်နှံကလည်း ပူးပေါင်းပါဝင်လာတယ်လို့ သိရပါတယ်။

ဇဏ်ခီနဲ့ ဇနီးဖြစ်သူ ဒါရိုက်တာ ခရစ္စတီးနားခီတို့ဟာ ကိုဗစ်-၁၉ ရောဂါကပ်ဘေး ကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတဲ့ လက်လုပ်လက်စား မပြေလည်သူတွေအတွက် ထောက်ပံ့ကူညီနိုင်မယ့် Free Cash Program for the Needy(FCPN) အစီအစဉ် ကို စတင်ခဲ့ပြီး အကူအညီလိုအပ်တဲ့ လက်လုပ်လက်စား နွမ်းပါးသူတွေ၊ စစ်ပြေးရှောင် စခန်းတွေပါမကျန် လှူဒါန်းမှုတွေ ပြုလုပ်နေပြီး ခုတခါမှာတော့ We Support Heroes အဖွဲ့မှာလည်း ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

We Support Heroes အဖွဲ့ကိုတော့ စစ်တပ်အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက် ရှုတ်ချတဲ့ အနေနဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု(Civil Disobedience Movement)မှာ ပါဝင်နေကြတဲ့ ပြည်သူ့ဝန်ထမ်းတွေကို အကူအညီပေးဖို့ ဖွဲ့စည်းထားတာဖြစ်ပြီး မြန်မာနိုင်ငံအနှံ့ မြို့ရွာပေါင်းစုံမှာ CDM အတွက် ကူညီထောက်ပံ့နေတဲ့ အဖွဲ့တွေစုပေါင်းပြီး ကွန်ရက်တခု ဖွဲ့စည်းဖို့လည်း ဖိတ်ခေါ်နေပါတယ်။

လက်ရှိမှာတော့ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ဟင်္သာတခရိုင်၊ မြိတ် စတဲ့မြို့တွေနဲ့ ဆက်သွယ်ဆောင်ရွက်နေပြီး နိုင်ငံအနှံ့မြို့ရွာတွေက CDM ကူညီရေး အဖွဲ့တွေအနေနဲ့ ဖုန်းနံပါတ် 09752957515 သို့ ဆက်သွယ်စာရင်းပေးနိုင်တယ်လို့ ဆိုပါတယ်။

ဒီလှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းတွေအနေနဲ့ နေရေး၊ စားရေး အခက်အခဲ ဖြစ် လာခဲ့ရင် ဖော်ပြပါ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်စာမျက်နှာ https://m.facebook.com/We-Support-Heroes177800567082406/ လင့်ခ်ကတဆင့် ဆက်သွယ်အကူအညီတောင်းခံနိုင်မှာ ဖြစ်ပါတယ်။

ဖေဖေါ်ဝါရီ ၁ ရက်နေ့ မနက်အစောပိုင်းက နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင်ပိုင်းတချို့ကို စစ်တပ်က ဖမ်းဆီးလိုက်ကာ နိုင်ငံတော်အာဏာသိမ်းယူလိုက်ပြီးနောက်တနေ့မှာပဲ ဒီလှုပ်ရှားမှုကို ဆေးလောကသားတွေက စတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ တခြားကဏ္ဍအသီး သီးက ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်းပါဝင်လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၄ ရက်နေ့မှာတော့ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံး မြို့တော်ဖြစ်တဲ့ မန္တလေးမြို့မှာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူတွေက ပထမဆုံးလမ်းပေါ်ထွက် ဆန္ဒပြမှုအနေနဲ့ စတင်ခဲ့ပြီး လက်ရှိအချိန်ထိ ရန်ကုန်၊ နေပြည်တော်အပါအဝင် ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာပါ ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013