DVB Logo
Home
မြန်မာသတင်း
စိုက်စရိတ်ချေးငွေ ပြန်ဆပ်ကြရန် စိုက်ဘဏ်က တောင်သူတွေကို ဖိအားပေးတောင်းခံနေ
DVB
·
April 22, 2021
စိုက်စရိတ်ချေးငွေ ပြန်ဆပ်ကြရန်  စိုက်ဘဏ်က တောင်သူတွေကို  ဖိအားပေးတောင်းခံနေ
Donate to DVB

အကြမ်းဖက်စစ်အာဏာရှင်လက်အောက် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်က ပြည်သူ့အစိုးရချေးထားတဲ့ ပိုက်ဆံတွေ ပြန်ဆပ်ဖို့ တောင်သူတွေကို ဖိအားပေးတောင်းခံနေတယ်လို့ လယ်သမားအရေးလှုပ်ရှားတွေထံက သိရပါတယ်။

ပုံမှန်စိုက်ပျိုးစရိတ်ချေးငွေ၊ ကိုဗစ် အထူးချေးငွေနဲ့ နှစ်ရှည်နှစ်ဆင့်ခံချေးငွေတွေ အားလုံးကို ပြန်ဆပ်ဖို့ မြို့နယ်မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲတွေမှာ အသိပေးကြေညာထားပြီး တောင်သူတွေဆီ ဖိအားပေးတောင်းခံဖို့ ဘဏ်ရုံးချုပ်ကနေ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းက လယ်သမားအရေးလှုပ်ရှားသူ တစ်ဦးက “သူတို့လက်ထဲမှာ ပိုက်ဆံမရှိတော့တာ သေချာတယ်။ တောင်သူတွေ ကြောက်ပြီး ရှိသမျှ ပေါင်နှံပြီး အကြွေးသွားမဆပ်ဖို့ တိုက်တွန်းပါတယ်။ တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်ရေး ဥပဒေဟာ အခုထိကို အသက်ဝင်နေတာမို့ တောင်သူတွေ မကြောက်ကြဖို့ လိုတယ်။ အကြွေးသစ်ထပ်ချေးလို့ မရရင်တောင် အကြွေးဟောင်းကို မဆပ်ဘဲ တောင့်ခံထားဖို့ လိုပါတယ်” လို့ ပြောပါတယ်။

စိုက်ပျိုးစရိတ်ချေးငွေမှာ အချိန်စေ့ကြွေးကျန်၊ အချိန်စေ့လွန်ကြွေးကျန်ဆိုပြီး ရှိရာမှာ အချိန်စေ့လွန်ကြွေးကျန်ကို တောင်သူတွေဆီ အကြောင်းကြားကောက်ခံတာကို  အရင်က ပြုလုပ်ခဲ့ပေမဲ့ အချိန်စေ့ကြွေးကျန်ကိုတော့ အတင်းအဓမ္မကောက်ခံတာ မရှိဘူးလို့ ဆိုပါတယ်။

 ဒါ့အပြင် ကိုဗစ်အထူးချေးငွေနဲ့ နှစ်ရှည်နှစ်ဆင့်ခံ ချေးငွေတွေကို ပြည်သူ့အစိုးရက ထုတ်ချေးခဲ့စဉ်မှာ သတ်မှတ်အချိန်ထားရှိပေမဲ့ အခုလို အတင်းအဓမ္မတောင်းခံဖို့ ညွှန်ကြားခဲ့ခြင်း မရှိခဲ့ပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013