
ချယ်လ်ဆီးကွင်းလယ်လူဟောင်း မီခေးလ်က အသင်းပိုင်ရှင်သစ်တွေဟာ အသင်းရဲ့အောင်မြင်မှုကို တည်ဆောက်ခဲ့တဲ့ ဝါရင့်တွေကို တမင်လျစ်လျူရှုနေတယ်လို ဝေဖန်လိုက်ပါတယ်။
အသင်းရဲ့ ရလဒ်ဆိုးတွေဟာ DNA နဲ့ ယဉ်ကျေးမှုကို နားလည်တဲ့သူတွေ မရှိတော့တာကြောင့်ဖြစ်ပြီး ဂျွန်တယ်ရီလို ပုဂ္ဂိုလ်မျိုးအသင်းမှာ ရှိသင့်တယ်လို ဆိုပါတယ်။
မီခေးလ်က အသင်းပိုင်ရှင်တွေအနေနဲ့ အရင်လူတွေကို မလိုချင်တာဟာ မှားယွင်း တဲ့လုပ်ရပ် ဖြစ်ကြောင်းနဲ့ လူငယ်ကစားသမားတွေကို လမ်းပြပေးမယ့်သူ လိုအပ်နေကြောင်း ပြောကြား ခဲ့ပါတယ်။
ဂျွန်တယ်ရီကလည်း လက်ရှိအသင်းမှာ ပါဝင်ဖို ကမ်းလှမ်းမှု မရသေးကြောင်း အတည်ပြု ထားပါတယ်။
မီခေးလ်ကတော့ လူငယ်ကစားသမားတွေကို အသင်းရဲ့ အဓိပ္ပာယ် ရှင်းပြပေးနိုင်မယ့်သူ လိုအပ် နေပြီး သူ့ရဲ့ဝေဖန်မှုတွေအတွက် အသင်းက စိတ်ဆိုးရင်လည်း ဂရုမစိုက်ဘူးလို ထပ်လောင်း ပြောဆိုခဲ့ပါတယ်။
Photo:Reuters











