DVB Logo
Home
မြန်မာသတင်း
သမီးကိုမတွေ့သဖြင့် သက်ကြီးရွယ်အိုဖခင်ဖြစ်သူကို စစ်ကောင်စီအကြမ်းဖက်အဖွဲ့က ဖမ်းဆီး
DVB
·
April 20, 2021
သမီးကိုမတွေ့သဖြင့် သက်ကြီးရွယ်အိုဖခင်ဖြစ်သူကို စစ်ကောင်စီအကြမ်းဖက်အဖွဲ့က ဖမ်းဆီး
Donate to DVB

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ် ကြောင်ပန်းကုန်းကျေးရွာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေကို စစ်ကောင်စီအကြမ်းဖက်အဖွဲ့က လိုက်လံဖမ်းဆီးနေရာမှာ မတွေ့တဲ့ အတွက် သက်ကြီးရွယ်အို ဖခင်တွေကို ဖမ်းဆီးသွားပါတယ်။

ကြောင်ပန်းကုန်းကျေးရွာမှာနေတဲ့ ကျောက်ဆည်မြို့နယ် အန်အယ်လ်ဒီ အမျိုးသမီးကော်မတီဝင် မကြွေနုငယ်နေအိမ်ကို ဧပြီ ၁၉ရက် နေ့လည်ပိုင်းမှာ အရပ်ဝတ် အကြမ်းဖက်အုပ်စုက အဓမ္မ ဝင်ရောက်ရှာဖွေကာ ဖမ်းဆီးဖို့ လုပ်ခဲ့ပေမဲ့ လွတ်မြောက်သွားတာကြောင့် သူမရဲ့ ဖခင် အသက် ၇၄ နှစ်အရွယ် အမြင်အာရုံချို့တဲ့သူ  ဦးအောင်ရင်ကို အတင်းအကြပ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အိမ်နီးချင်းဖြစ်တဲ့ အန်အယ်လ်ဒီအဖွဲ့ဝင် မမြသွေးအိမ်ကိုလည်း အကြမ်းဖက်စစ်အုပ်စုက သွားရောက်ဖမ်းဆီးပေမဲ့ ထပ်မံ လွတ်မြောက်သွားတာကြောင့် မမြသွေးရဲ့ ဖခင် အသက် ၆၅ နှစ်အရွယ် ဦးသောင်းရွှေကို အစားဖမ်းဆီးသွားတယ်လို့  သိရပါတယ်။

ကြောင်ပန်းကုန်းရွာက မကြွေနုငယ်နဲ့ မမြသွေးတို့အပြင် ဆန္ဒပြရာမှာ အမြဲလိုက်ပါတဲ့ ကြောင်ပန်းကုန်းရွာသား ၅ ယောက်ကိုလည်း  စစ်သားတွေနဲ့ ရဲတွေက ထပ်မံရှာဖွေဖို့ ကြိုးစားနေတယ်လို့  ရွာခံတွေက ပြောပါတယ်။ 

ဒါ့အပြင် လွတ်မြောက်သွားတဲ့ မကြွေနုငယ်နဲ့ မမြသွေးတို့ကို လာမအပ်နိုင်ရင် ကြောင်ပန်းကုန်းရွာကို မီးရှို့ပြာချပစ်မယ်လို့လည်း စစ်အုပ်စုက ခြိမ်းခြောက်ပြောဆိုသွား ခဲ့တယ်လို့ ရွာသားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013