
ပြည်သူလူထုရွေးချယ် တင်မြှောက်ထားတဲ့ အစိုးရကို မတရားဖမ်းဆီးပြီး အာဏာသိမ်းခဲ့တဲ့ အကြမ်းဖက် စစ်တပ်ကို ဆန့်ကျင်တော်လှန်တဲ့အနေနဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဟာ ဒီနှစ်သင်္ကြန်မှာလည်း အစဉ်အလာမပျက် တော်လှန်သံချပ်စာသားတွေနဲ့ သံချပ်ထိုးခဲ့ပါတယ်။
တက္ကသိုလ်ကျောင်းသားသမဂ္ဂ တကသတွေနဲ့စုဖွဲ့ခဲ့တဲ့ ဒေါင်းတို့မျိုးဆက်အသင်း စတည်ခဲ့တဲ့ အချိန်ကနေ ဒီနေ့ အတာသင်္ကြန်အထိ ၂၀၀၈ ခြေဥ ပြင်ဆင်ဖျက်သိမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့
စစ်တပ်ရဲ့ နိုင်ငံရေးပါဝင်မှုကို ဆုတ်ခွာစေရေးတို့ကို သံချပ်စာသားတွေနဲ့ အစဉ်တစိုက် သရော်ခဲ့၊ ရှုတ်ချသံချပ်ထိုးခဲ့ကြတာပါ။
စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတဝန်း ပြည်သူတွေက နွေဦးတော်လှန်ရေးကို ဆင်နွှဲနေချိန်နဲ့ တိုက်ဆိုင်နေတဲ့ ဒီနှစ်သင်္ကြန်မှာလည်း ဒေါင်းတို့မျိုးဆက်အသင်းက ကျောင်းသားလူငယ်များဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်တဲ့ သံချပ်တွေနဲ့ ဖျော်ဖြေတင်ဆက်နေတာပါ။
ပြီးခဲ့တဲ့နှစ်သင်္ကြန်မှာလည်း ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တွေကို စစ်တပ်က တရားစွဲခဲ့ပြီး အမှုတစ်ခုတည်းကို မတူတဲ့မြို့နယ်တရားရုံးတွေမှာ အကြိမ်ကြိမ်အခါခါ ပြစ်ဒဏ်တွေ ချမှတ် ထောင်သွင်းအကျဉ်းချထားခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာလည်း ဒေါင်းတို့မျိုးဆက် သံချုပ်အဖွဲ့က ခေါင်းဆောင်တစ်ချို့ကို စစ်တပ်က ဖမ်းဆီးထောင်ချထားပါတယ်။