DVB Logo
Home
မြန်မာသတင်း
သရုပ်ဆောင် ခေးဆက်သွင်အပါအဝင် နောက်ထပ် အယောက် ၂၀ ကို ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်
DVB
·
April 16, 2021
သရုပ်ဆောင် ခေးဆက်သွင်အပါအဝင် နောက်ထပ် အယောက် ၂၀ ကို ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်
Donate to DVB

သရုပ်ဆောင် ခေးဆက်သွင်အပါအဝင် ပြည်သူဘက်က ရပ်တည်တဲ့ နောက်ထပ် လူပုဂ္ဂိုလ် အယောက် ၂၀ ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်နေတယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့မီဒီယာက ဧပြီ ၁၅ ရက်မှာ ကြေညာပါတယ်။

အမှုဖွင့်ခံထားရသူတွေအထဲမှာ ခေးဆက်သွင်၊ ဘုန်းဆက်သွင်၊ နီဖြိုးကြိုင်၊ စန္ဒီစိန်သိဏ်း၊ မြတ်သူထက်၊ နိုင်ကောင်းဉာဏ် (ဉာဏ်ကျယ်စေ) ၊ ရဲထွန်းဦး၊ ငြိမ်းချမ်းအောင်၊ အောင်ကိုဆွေ၊ တင်မောင်ထွေး၊ ကိုကိုရဲ၊ နှင်းဦးလှိုင်၊ ရဲဟိန်း၊ လင်းအောင်၊ ဇေမျိုးလင်း၊ ဇော်မင်းပိုင်၊ မေဇဗ္ဗူ၊ သီတာ၊ ညီမင်းစံနဲ့ သိန်းသန်းနိုင် (သိန်းသန်းဟိန်း) တို့ ပါဝင်ပါတယ်။

အဆိုပါ လူပုဂ္ဂိုလ် အယောက် ၂၀ ဟာ CDM အားပေး လှုံ့ဆော်မှုနဲ့ CRPH အားပေးထောက်ခံမှုတွေပြုလုပ်ခဲ့တယ်ဆိုပြီး စစ်ကောင်စီက စွပ်စွဲပြီး အမှုဖွင့်လိုက်တာပါ။

အလားတူ ထင်ရှားတဲ့ အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင်တွေ၊ အဆိုတော်တွေ၊ ရုပ်ရှင်ဒါရိုက်တာတွေ၊ မော်ဒယ်တွေ အနုပညာရှင်တွေနဲ့ အွန်လိုင်းမှာလူသိများသူတွေ အပါအဝင် ဒီကနေ့အထိ ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူခံထားရသူပေါင်း အယောက် ၂၀၀ လောက် ရှိသွားပြီဖြစ်ပါတယ်။

ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရတဲ့ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ ပြေတီဦး၊ အိန္ဒြာကျော်ဇင်နဲ့ မော်ဒယ်ပိုင်တံခွန်တို့ကို မကြာသေးခင်ရက်ပိုင်းကမှရန်ကုန်ရှိ သူ့တို့ရဲ့နေအိမ်မှာ စစ်တပ်က ဖမ်းဆီးခဲ့သလို ဧပြီ ၁၅ ရက်နေ့ကလည်း ဝါရင့်ရုပ်ရှင် သရုပ်ဆောင် ဦးဇင်ဝိုင်းနဲ့ အဆိုတော် ပိုပိုတို့ကို ဖမ်းဆီးခဲ့ပါတယ်။

Photo- Credit

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013