DVB Logo
Home
မြန်မာသတင်း
တရုတ်နိုင်ငံ ကျယ်ဂေါင်တွင် ပိတ်မိနေသည့် မြန်မာကုန်ကားများကို မူဆယ်ပြန်ထွက်ခွင့်ပြု
DVB
·
April 12, 2021
တရုတ်နိုင်ငံ ကျယ်ဂေါင်တွင် ပိတ်မိနေသည့် မြန်မာကုန်ကားများကို မူဆယ်ပြန်ထွက်ခွင့်ပြု
1 / 3
Donate to DVB

တရုတ်နိုင်ငံ၊ ကျယ်ဂေါင်မှာ  Lockdown ကာလမတိုင်မီက ကုန်တင်ပြီး ထွက်မရဘဲ ပိတ်မိနေတဲ့ မြန်မာကုန်ကားတွေကို ဧပြီ ၁၁ ရက်မနက်ပိုင်းကစပြီး မူဆယ်ဘက် ပြန်ထွက်ခွာခွင့်ပေးနေတယ်လို့ ကျယ်ဂေါင်ကားဂိတ်ကနေ သိရပါတယ်။

မြန်မာ - တရုတ် နှစ်နိုင်ငံရဲ့ အဓိက ကုန်သွယ်စီးဆင်းရာ ဂိတ်ပေါက်ဖြစ်တဲ့ မန့်ဝိန်းပေါက်ကို ကျယ်ဂေါင်၊ ရွှေလီမှာ ကိုဗစ်-၁၉ ပိုးတွေ့အကြောင်းပြချက်နဲ့ ဧပြီ ၁ ရက်နေ့ကစလို့ ကုန်တင်ယာဉ် အဝင်အထွက်ကို လုံးဝ ပိတ်လိုက်တာဖြစ်ပြီး အခု ကျယ်ခေါင်မှာ ပိတ်မိနေတဲ့ကားတွေကို မြန်မာဘက် ပြန်ထွက်ခွင့်ပြုလိုက်တာပါ။

မြန်မာပြည်ပြန်မယ့်ကားတွေကိုသာခွင့်ပြုပြီး တရုတ်နိုင်ငံထဲ ကျယ်ဂေါင်ဘက်အဝင်နဲ့ ရွှေလီမှာ ပိတ်မိနေတဲ့ ကုန်တင်ယာဉ်တွေကိုတော့ သွားခွင့်မပေးသေးဘူးလို့ မူဆယ်ယာဉ်ထိန်း ရဲတပ်ကြပ်ကြီး ဦးမျိုးမင်းသူက ပြောပါတယ်။

"သူတို့ တရုတ်နိုင်ငံထဲမှာရှိတဲ့ ဗမာပြည်က ထွက်မယ့် ကားတွေရှိတယ်။ အထွက်ပဲပေးတာ။ သူတို့ နိုင်ငံထဲ အဝင်မပေးဘူး။ ဟိုဘက်မှာ ကားအစီး ၁၈၀၊ ၁၉၀ လောက်ရှိတယ်။ ခါတိုင်းမောင်းတဲ့ ယာဉ်မောင်း ရှန်တိန်တွေပဲ လာပို့ပေးတာဟုတ်တယ်။ သူတို့က ဒီနေ့ ကုန်အောင်တော့ထုတ် ပေးမယ်ပြောတယ်။ ဒီနေ့ မကုန်နိုင်ရင်တော့ မနက်ဖြန်ပေါ့”။

ကျယ်ဂေါင်ဘက်မှ ထွက်လာတဲ့ကားကို မြန်မာဘက်က ကားပိုင်ရှင် ဒါမှမဟုတ် ယာဉ်မောင်းတွေကိုယ်တိုင် PPE ဝတ်စုံနဲ့ မန့်ဝိန်းဂိတ်ပေါက်မှာ စောင့်ယူကာ ၁၀၅ မိုင် နှင်းနှင်းခိုင်ကားကွင်းမှာ ကားကို ၃ ရက် ပိုးသတ်ဆေးဖျန်းထားပြီးမှ ဆက်လက်ထွက်ခွာခွင့် ပြုမယ်လို့  ဆိုပါတယ်။

PPE ဝတ်စုံကို ကုန်သည်ကြီးများအသင်းက ပေးအပ်လှူဒါန်းထားပြီး မြန်မာဘက်ခြမ်း မန့်ဝိန်းပေါက်မှာ လာရောက်ရယူနိုင်ကြောင်း လူမှုကွန်ရက်က အသိပေးကြေညာထားပါတယ်။

မန့်ဝိန်းဂိတ်ပေါက်မှ တရုတ်ဘက်ကို ပုပ်ပျက်လွယ်တဲ့ ကုန်စည်မှအပ မြန်မာ့ လယ်ယာထွက်ကုန်တွေနဲ့ တခြားကုန်ခြောက်တွေကို တင်ပို့နေတာဖြစ်ပြီး တရုတ်ဘက်မှ ကုန်မျိုးစုံကို တင်သွင်းနေတာလည်းဖြစ်ပါတယ်။

မတ်လကုန်ပိုင်းမှ ဧပြီ ၉ ရက်ည ၁၂ နာရီအထိ ယူနန်ပြည်နယ် တယ်ဟုန်ခရိုင်မှာ ကိုဗစ် ၁၉ ပိုးတွေ့လူနာ ၈၈ ဦးရှိပြီး ပြည်တွင်း ကူးစက်သူ ၈၄ ဦး၊ မြန်မာပြန် တရုတ် အမျိုးသား တစ်ဦးအပါအဝင် ပြည်ပမှ ကူးစက်သူ ၄ ဦးရှိကြောင်း တရုတ်ဘက်က ထုတ်ပြန်ထားပါတယ်။

Photo Crd# KKKTh  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013