DVB Logo
Home
မြန်မာသတင်း
အလောဘွမ်တောင်အနီး ကေအိုင်အေနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲပြင်းထန်
DVB
·
April 11, 2021
အလောဘွမ်တောင်အနီး ကေအိုင်အေနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲပြင်းထန်
1 / 4
Donate to DVB

ကချင်ပြည်နယ်၊ ကေအိုင်အေတပ်မဟာ အမှတ်(၅)  နယ်မြေ အလောဘွမ်တောင်အနီး ဧပြီ ၁၁ ရက် ဒီနေ့ ည ၈ နာရီလောက်က  ကေအိုင်အေ တပ်ရင်း ၃၀ စခန်းကို အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်တွက အင်အားအလုံးအရင်းနဲ့  တိုက်ခိုက်နေသလို လေကြောင်းကနေ တိုက်ဂျက်လေယာဉ် ၂ စီးနဲ့လည်း ပစ်ခတ်တိုက်ခိုက်နေပါတယ်။ 

ကေအိုင်အေတပ်တွေ  ပြန်လည်သိမ်းယူထားတဲ့ အလောဘွမ်တောင်အနီး တာလီခူးဘက်ကို စစ်ကောင်စီတက်တွေက တက်လာတဲ့တွက် မနေ့ညကတည်းက ဒီဒေသမှာ တိုက်ပွဲဖြစ်ပွားနေခဲ့တာ ဖြစ်ပါတယ်။

၁၉၈၇ နှစ်ကတည်းက စစ်တပ်က ယူပြီးသိမ်းပြီး ဗျုဟာကုန်းအနေနဲ့ တည်ရှိနေတဲ့ အလောဘွမ်(ALAW Bum) တပ်စခန်းကို  ကေအိုင်အေက မတ်လ ၂၅ ရက်က ပြန်လည်သိမ်းပိုက် ခဲ့တာကြောင့် စစ်တပ်က အခုအခါ ပြန်လည်လာရောက်တိုက်ခိုက်နေတာဖြစ်ပါတယ်။ 

ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ရှိ မခွယ်အမြောက်တပ် ၃၇၀ မှာလည်း ဧပြီ ၁၀ ရက်ညကတည်းက ဒီမနက်အစောပိုင်းအထိ တိုက်ပွဲဖြစ်ပွားခဲ့ကာ ဒီနေ့ညမှာလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။

အဆိုပါတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး နှစ်ဘက်အထိအခိုက်ကျဆုံးစာရင်းကို ဘယ်ဘက်ကမှ ထုတ်ပြန်ထားခြင်းမရှိသေးဘဲ တိုက်ပွဲပြင်းထန်နေတုန်းပဲလို့လည်း သိရပါတယ်။

လက်နက်ကျည်တွေ အနီးအနားက ရွာတွေထိမှန်ခဲ့တာကြောင့် ရွာသားတွေ ဘေးလွတ်ရာထွက်ပြေးခဲ့ကြရသလို မခွယ်ရွာဘုန်းကြီးတစ်ပါးပျံလွန်တော်မူခဲ့ရတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီ လက်နက်ကိုင်တွေ တပ်စွဲထားတဲ့ နေရာတွေအနီးမှာလည်း မိုင်းတွေထောင်ထားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ကျွဲနွားတွေ မိုင်းနင်းမိပြီး သေရင် မိုင်းတစ်လုံးကွဲခအဖြစ်  ကျပ်တစ်သိန်း ရွာသားတွေထံက စစ်တပ်က အလျှော်တောင်းတာကြောင့် ဒေသခံတွေအနေနဲ့မိမိ နွားကျွဲတွေ မိုးထိသေသွားတဲ့ရင်တောင် ထုတ်ဖော် မပြောရဲကြဘူးလို့ ရွာသားတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013