DVB Logo
Home
မြန်မာသတင်း
သရုပ်ဆောင်ရဲတိုက်၏လက်ရာ Naked ပန်းချီကား ကျပ် ၅ သိန်းကြမ်းခင်းဈေးဖြင့် လေလံတင်
DVB
·
April 8, 2021
သရုပ်ဆောင်ရဲတိုက်၏လက်ရာ Naked ပန်းချီကား ကျပ် ၅ သိန်းကြမ်းခင်းဈေးဖြင့် လေလံတင်
Donate to DVB

ဖမ်းဆီးခံ သရုပ်ဆောင်မင်းသား ရဲတိုက် ကိုယ်တိုင်ရေးထားတဲ့ ပန်းချီကားတချပ်ကို ကြမ်း ခင်းဈေး ကျပ် ၅ သိန်းနဲ့ လေလံတင်ရောင်းချဖို့ GARUDA_Entertainment ရဲ့ ဖေ့စ်ဘွတ် ခ်အင်တာနက်လူမှုကွန်ရက်ပေါ်မှာ ကြေညာထားပါတယ်။

NAKED အမည်ရတဲ့ ဒီပန်းချီကားကို လက်ဆောင်ရထားသူက ဆက်သွယ်လာခဲ့ တာဖြစ်ပြီး လေလံတင်ပြန်လည်ရောင်းချကာ ရဲတိုက်အတွက် ကူညီသွားမယ်လို့ ဆိုပါ တယ်။

ဝယ်ယူလိုသူတွေအနေနဲ့ GARUDA_Entertainment ရဲ့ chat box မှတဆင့် လေ လံစျေးပေးပြီး ဝယ်ယူနိုင်မှာဖြစ်ကာ ရဲတိုက်ရဲ့ မွေးနေ့ဖြစ်တဲ့ ဧပြီ ၁၁ ရက်နေ့ညနေ ၆ နာရီမှာ လေလံပိတ်သိမ်းမယ်လို့ ဆိုပါတယ်။

ရဲတိုက်ဟာ စစ်အာဏာဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါ ဝင်ခဲ့ပြီးနောက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)နဲ့ ဖမ်းဝရမ်းထုတ်ခံခဲ့ရကာ ဧပြီ ၃ ရက်နေ့မှာတော့ ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံမှာ ဖမ်းဆီးခံခဲ့ရတာပါ။

သူ့ကို ဖမ်းမိချိန်မှာ စိတ်ကြွရူးသွပ်ဆေးပြားတွေလည်း လက်ဝယ်တွေ့ရှိခဲ့တယ်လို့ စစ်တပ်က သတင်းထုတ်ပြန်ခဲ့ပေမယ့် သူ့ရဲ့ ပရိသတ်တွေကတော့ အဆိုပါ သတင်းထုတ် ပြန်ချက်ကို အယုံအကြည်မရှိဘူးလို့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပြောနေကြတာ တွေလည်း ရှိနေပါတယ်။

ရဲတိုက်ဟာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်ရဲ့ မဲဆွယ်စည်းရုံးပွဲတွေမှာလည်း ပါဝင်လှုပ်ရှားခဲ့တဲ့ အနုပညာရှင်တယောက်လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာတော့ အာဏာသိမ်းစစ်တပ်က နေ့စဉ်ရက်ဆက်ဆိုသလို အဆိုတော်၊ သရုပ်ဆောင်၊ ဒါရိုက်တာစတဲ့ အနုပညာရှင်တွေေအပါအဝင် အွန်လိုင်းပေါ်မှာ လူသိများထင်ရှားကျော်ကြားသူတွေကို ၅၀၅ (က)နဲ့ အမှုဖွင့်ဝရမ်းထုတ်ကြောင်း စစ်တပ် လက်အောက်ခံ မီဒီယာတွေကတဆင့် ထုတ်ပြန်ထားခဲ့တာကို တွေ့ရပါတယ်။

အဆိုပါ ပုဂ္ဂိုလ်တွေဟာ အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေကို အသုံးပြုပြီး နိုင်ငံတော် အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေလိုတဲ့ ရည်ရွယ်ချက်နဲ့ နိုင်ငံ့ဝန်ထမ်းတွေကို CDM လှုပ်ရှားမှုမှာ ပါဝင်စေရေး လှုံ့ဆော်တာမျိုးတွေ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စား ပြုကော်မတီ(CRPH)ကို ထောက်ခံတာတွေကြောင့် အမှုဖွင့်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အနုပညာရှင်တွေသာမက ပရဟိတလုပ်နေသူတွေ၊ ခရီး သွားဘလော့ဂ်ဂါတွေ ဂျာနယ်လစ်တွေလည်း ပါဝင်လာခဲ့ပြီး အမှုဖွင့် ဖမ်းဝရမ်းထုတ်ခံ ထားရသူပေါင်း ၁၀၀ ကျော်လောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဒီကနေ့မနက်အစောပိုင်းမှာလည်း လူငယ်သရုပ်ဆောင်မော်ဒယ် ပိုင်တံခွန်ကို ရန် ကုန်မြို့က နေအိမ်မှာ စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး သရုပ်ဆောင်မင်းသား လူမင်း၊ ဟာသ သရုပ်ဆောင် ဇာဂနာ၊ ဗျူးတီးဘလော့ဂ်ဂါ ဝင်းမင်းသန်းတို့လည်း ဖမ်းဆီး ခံထားရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013