DVB Logo
Home
မြန်မာသတင်း
သရုပ်ဆောင်ရဲတိုက်ဖမ်းဆီးခံရ၊ ရုပ်ရှင်နှင့်ဂီတ အနုပညာရှင်များအပါအဝင် နောက်ထပ် အယောက် ၂၀ ကို အမှုဖွင့်
DVB
·
April 4, 2021
သရုပ်ဆောင်ရဲတိုက်ဖမ်းဆီးခံရ၊ ရုပ်ရှင်နှင့်ဂီတ အနုပညာရှင်များအပါအဝင် နောက်ထပ်          အယောက် ၂၀ ကို အမှုဖွင့်
1 / 5
Donate to DVB

ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရတဲ့  သရုပ်ဆောင်ရဲတိုက်ကို မနေ့ညက ရန်ကုန် မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံးမှာ မူးယစ်ဆေးဝါးတွေနဲ့ အတူ ဖမ်းဆီးရမိခဲ့တယ်လို့  အာဏာသိမ်းစစ်ကောင်စီရဲ့ မီဒီယာတွေက ဒီနေ့ ဧပြီ ၄  ရက်မှာ ထုတ်လွှင့်ကြေညာသွားပါတယ်။

အလားတူ ရုပ်ရှင်ဒါရိုက်တာ ထူးပိုင်ဇော်ဦး၊ အဆိုတော် ရန်ရန်ချမ်း၊ သရုပ်ဆောင် အလင်းရောင်နဲ့ မေမြတ်နိုးတို့အပါအဝင် ပြည်သူဘက်က ရပ်တည်ကူညီပေးနေတဲ့ လူပုဂ္ဂိုလ် အယောက်   ၂၀ ကို   ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူနေတယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ မီဒီယာတွေက ဒီနေ့ညမှာ ထပ်မံ ကြေညာပါတယ်။ 

အမှုဖွင့်ခံရသူတွေကတော့ သရုပ်ဆောင် အလင်းရောင်၊ အလှမယ်နဲ့ မော်ဒယ် သရုပ်ဆောင် မေမြတ်နိုး၊ နွယ်ဒါလီထွန်း၊ နော်ဖောအယ်ထား၊ မြန်မာအိုင်ဒေါတေးသံရှင် မေမဒီ၊  အေးငြိမ်းဆွေ၊ ဟစ်ဟော့ပ် အဆိုတော် ရန်ရန်ချမ်း၊ မင်းသွေးလျှံ၊ ရုပ်ရှင်ဒါရိုက်တာ ထူးပိုင်ဇော်ဦး၊ ခြူးပန်းနွယ်၊ သက်ထားစုစံ၊ မေ၊ ညီညီထွန်း(တိမ်ခ) ၊ ရန်နိုင်ဗိုလ်၊ ဒေါက်တာကျော်ကျော်စိုင်း၊ ဒေါက်တာ စိုင်းကောင်းထက်ဇော်၊ မေသူဝင်း၊ အိအိအောင်၊ ခင်ဆွေအေးနဲ့ ခိုင်ဝေဝေဇင်တို့ ဖြစ်ပါတယ်။ 

အဆိုပါ ပုဂ္ဂိုလ်တွေဟာ လူမှုကွန်ရက် စာမျက်နှာကို အသုံးပြုပြီး နိုင်ငံတော် အုပ်ချုပ်မှုယန္တရားပျက်ပြားစေဖို့ ရည်ရွယ်ချက်နဲ့  နိုင်ငံ့ဝန်ထမ်းတွေကို CDM လှုပ်ရှားမှုမှာ ပါဝင်စေဖို့လှုံ့ဆော်တာ၊ CRPHကို ထောက်ခံတာ စတာတွေကြောင့် အမှုဖွင့်အရေးယူတာလို့  ဆိုပါတယ်။

ဒါရိုက်တာထူးပိုင်ဇော်ဦးက “ မျှော်လင့်ထားပြီးသားပါ။ အနုပညာရှင် တစ်ယောက်အနေနဲ့ တင်မဟုတ် နိုင်ငံသားတစ်ဦးအနေနဲ့ ကိုယ်တစ်ယောက်ချင်းစီ တာဝန်ရှိတယ်လို့ ယူဆလို့ နေ့စဉ် ကိုယ်လုပ်နိုင်သမျှ လုပ်ခဲ့တာဖြစ်တဲ့အတွက် မှန်ကန်‌တယ်၊ နိုင်ငံသားကောင်း ပီသတယ်။ အနုပညာရှင် အနေနဲ့ ဂုဏ်ယူရတယ် လို့ အမြဲ ယုံကြည်ပါတယ်။ အားလုံး ဂရုစိုက်ပါ။ ကျွန်တော်လဲ ဂရုစိုက်ပါမယ်။  အောင်ပွဲတူတူခံဖို့ ပြန်တွေ့ပါမယ်။” လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးထားပါတယ်။

ဧပြီ ၃ ရက်နေ့ကလည်း နာမည်ကြီး သရုပ်ဆောင် အကယ်ဒမီမင်းသမီးတွေဖြစ်ကြတဲ့ သက်မွန်မြင့်၊ ဖွေးဖွေး၊  အဆိုတော် ကော်နီ၊ ကျားပေါက်၊ GFatt ၊ မယ်ရီ ၊ နိုဗန်ထူး၊ သရုပ်ဆောင် ညီနန္ဒ၊ အောင်မြင့်မြတ်၊ ညီထွဋ်ခေါင်၊ ဝါဆိုမိုးဦး၊ မေဦးမောင်၊ အိန်ဂျယ်လမုန်၊ နှင်းသွေးယုအောင်၊ စည်သူဝင်း၊  ထက်အောင်ရှိုင်း ၊ Kelvin Kate ၊ ဇင်အောင်၊ ကျော်ရဲထွန်း (ရဲရဲ) နဲ့ ဒေါ်နန်းမြတ်စောတို့ ကို ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ကြေညာခဲ့ပါတယ်။

ဧပြီ ၂ ရက်နေ့ကလည်း အကယ်ဒမီ မင်းမော်ကွန်း၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ Rဇာနည်၊ ရဲတိုက်၊ ကျော်ကျော်နန္ဒ၊ သန္တာလှိုင်၊ ပိုင်ဖြိုးသု၊ ပိုပို၊ ခင်ဝင့်ဝါ၊ ချမ်းချမ်း၊ ချမ်းမြေ့မောင်ချို၊ မိတ်ကပ်မထက်၊ မိတ်ကပ် မေဦး၊ မေတိုးခိုင်၊ ဒေါက်တာ မြဝတ်ရည်၊ မေဇွန်ဝင်း၊ ဖြိုးဖြိုးအောင်၊ ဒေါက်တာ သူရိန်လှိုင်ဝင်း၊  ဇင်သော်နိုင်နဲ့ Kwee La Min တို့ကိုလည်း   ပုဒ်မ ၅၀၅ (က ) နဲ့ အမှုဖွင့်ထားလို့ MRTV နဲ့ မြဝတီကနေ ကြေညာသွားပါတယ်။

အလားတူ နာမည်ကြီး အနုပညာရှင်တွေဖြစ်ကြတဲ့  အကယ်ဒမီ လူမင်း၊ ပြေတီဦး၊ ဒါရိုက်တာ ဝိုင်း၊  ကိုပေါက်၊ ဏကြီး၊ ဟစ်ဟော့ပ်အဆိုတော် အနဂ္ဂ၊ အဆိုတော် လင်းလင်း၊ အင်းစိန်အောင်စိုး၊ စီစဉ်တင်ဆက်သူ ကိုမောင်မောင်အေးနဲ့ အိမ့်ပိုးဥ (ခ) အိပန်ဆယ်လို စသူတွေလည်း ပုဒ်မ ၅၀၅ (က ) နဲ့ တရားစွဲခံထားရပြီး အကယ်ဒမီ လူမင်းကတော့ ဖမ်းဆီးခံထားရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013