DVB Logo
Home
မြန်မာသတင်း
လက်နက်မဲ့ပြည်သူအပေါ် အကြမ်းဖက်သတ်ဖြတ်မှု ချက်ခြင်းရပ်ရန် အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တောင်းဆို
DVB
·
April 4, 2021
လက်နက်မဲ့ပြည်သူအပေါ် အကြမ်းဖက်သတ်ဖြတ်မှု ချက်ခြင်းရပ်ရန် အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တောင်းဆို
Donate to DVB

လက်နက်မဲ့ ပြည်သူလူထုကို စစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်၊ ပစ်ခတ်နှိမ်နင်းမှုကို ချက်ခြင်းရပ်တန့်ဖို့နဲ့ ဖမ်းဆီးထိန်းသိမ်းထားသူတွေအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ အန်စီအေ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုး ထားတဲ့ တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့  ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးအပြီး ဒီကနေ့ ဧပြီ ၄ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်တာပါ။ 

လက်ရှိ ပြည်သူတစ်ရပ်လုံးက ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးအပါအဝင် CDM လူထုလှုပ်ရှားမှုတွေကို ဆက်လက် ပံ့ပိုးကူညီသွားမယ်လို့လည်း တိုင်းရင်းသားလက်နက်ကိုင်တွေက  ဆိုပါတယ်။

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ရဲ့ ကြေညာချက်ကို ကြိုဆို ထောက်ခံကြောင်းနဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (Federal Democracy Charter ) ကိုလည်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းမှုတစ်ရပ်အဖြစ် ကြိုဆိုတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အန်စီအေ လက်မှတ်ရေးထိုး တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးအဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို  ဧပြီလ ၃ ရက်နဲ့ ၄ ရက် တွေမှာ ကျင်းပခဲ့ပြီး ဒီအစည်းအဝေးကနေ လက်ရှိ နိုင်ငံရေး အခြေအနေတွေ ပြည်တွင်း အခြေအနေတွေကို ဆွေးနွေးညှိနှိုင်းပြီးနောက် ဘုံသဘောထားရပ်တည်ချက်တွေကို ထုတ်ပြန် ကြေညာခဲ့တာ ဖြစ်ပါတယ်။

ရက်စက်ကြမ်းကြုတ်တဲ့ အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင်တွေအနေနဲ့ ပြည်သူကပေးတဲ့ပြစ်ဒဏ်ကို မလွဲမသွေခံယူရမယ်လို့  PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ဒီအစည်းအဝေး မစတင်ခင် ပြောကြားထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကစလို့ ၂ လကျော်ကာလတွင်း စစ်ကောင်စီရဲ့တပ်တွေက အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ခဲ့တာကြောင့် ကျဆုံးသွားတဲ့ ပြည်သူပေါင်း ၅၅၀ ကျော်ရှိနေပြီဖြစ်ပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013