DVB Logo
Home
မြန်မာသတင်း
ကရင်စစ်ပြေးဒုက္ခသည် ၂၀၀၀ ခန့် လက်ခံစောင့်ရှောက်ထားဟု မယ်ဟောင်ဆောင်ခရိုင် ဝန်ပြော
DVB
·
March 31, 2021
ကရင်စစ်ပြေးဒုက္ခသည် ၂၀၀၀ ခန့် လက်ခံစောင့်ရှောက်ထားဟု မယ်ဟောင်ဆောင်ခရိုင် ဝန်ပြော
Donate to DVB

မြန်မာနိုင်ငံဘက်ကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ ကရင်စစ်ပြေးဒုက္ခသည် ၂၀၀၀ လောက်ကို မယ့်ဆာရင်နဲ့ ခွန်ယွမ်ဒေသတွေထဲမှာ လိုအပ်တဲ့ အမိုးအကာ၊ နေရာထိုင်ခင်းပေးကာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ မယ်ဟောင်ဆောင်ခရိုင်ဝန် စီထိ ချိုင် ဂျင်ဒါလောင်က ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းရေး အခြေအနေတွေ ပိုပြီးတော့ ဆိုးဝါး လာတဲ့အတွက် ဒုက္ခသည်တွေဟာ ပြီးခဲ့တဲ့ မတ် ၁၁ ရက်နေ့ကတည်းက နယ်စပ်ဖြတ်ပြီး ထိုင်းဘက်ကို ရောက်လာခဲ့ကြတာပါ။ မယ့်ဆာရင်နဲ့ ခွန်ယွမ်ဒေသတွေထဲမှာ ၂၀၀၀ လောက် ရှိတယ်။”

ထိုင်းအစိုးရအနေနဲ့ ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေအတွက် အမိုးအကာ နေရာထိုင်ခင်းနဲ့ တခြားလိုအပ်တာတွေကို စီစဉ်ပေးရုံတင်မက မြန်မာဘက်ကို ပြန်လိုသူတွေ ကိုလည်း ညှိနှိုင်းဆောင်ရွက်မှုတွေကို လုပ်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။

“တချို့အဖွဲ့တွေကတော့ ခုတရက် နှစ်ရက်အတွင်း နေရပ်ပြန်ကြလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ နေရပ်မပြန်ချင်သူတွေ လက်ရှိပြန်ဖို့ မဖြစ်နိုင်သူတွေကိုတော့ ထိုင်းအစိုးရရဲ့ ညွှန်ကြားချက် စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ခရိုင်ထဲမှာ စောင့်ရှောက်သွားမှာ ဖြစ်ပါတယ်”

မြန်မာနိုင်ငံဘက်က အခြေအနေတွေ ဆိုးဝါးသထက် ပိုမိုဆိုးဝါးလာမယ်ဆိုရင်တော့ ထိုင်းနိုင်ငံဘက်ကို ဝင်ရောက်လာမယ့် ဒုက္ခသည်တွေ ပိုမိုများပြားလာမှာဖြစ်လို့ ခရိုင်ထဲမှာ ဒုက္ခသည်စခန်းတခုတည်ဆောက်ဖို့လည်း စီစဉ်ထားပြီး ဒါကတော့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်အရ လုပ်ဆောင်သွားမယ်လို့ စီထိချိုင်က ပြောပါတယ်။

လတ်တလောအချိန်ထိ မြန်မာဘက်က ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည် ၇ ယောက်ဟာ ထိခိုက်ဒဏ်ရာတွေ ရရှိထားပြီး ဆော့ဘ်မိုင်ဆေးရုံမှာ ၅ ယောက်၊  မယ့်ဆာရင်နဲ့ ဆီရိဆန်ဝမ်ဆေးရုံတွေမှာတော့ ၁ ယောက်စီ ဆေးကုသမှုခံယူနေကြတယ်လို့ ဆိုပါတယ်။

“ဆေးကုသမှုတွေ ခံယူပြီးရင်တော့ သူတို့ကို နေရပ်ပြန်ပို့တာမျိုး၊ ဒါမှမဟုတ် ထိုင်းနိုင်ငံဘက်က ဒုက္ခသည်စခန်းတွေဆီ ဆက်သွားမလား။ ခရိုင်ထဲမှာတော့ မြန်မာဒုက္ခ သည်တွေအပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေနဲ့အညီ လိုက်နာဆောင်ရွက်ပေးနေပါတယ်”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013