DVB Logo
Home
မြန်မာသတင်း
ထိုင်းသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာ ၃၀၀ ခန့် ထပ်မံဖမ်းဆီးခံရ
DVB
·
May 12, 2022
ထိုင်းသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာ ၃၀၀ ခန့် ထပ်မံဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံမှာ ခုရက်ပိုင်းတွင်းမှာ မြောက်ပိုင်းမယ်ဟောင်ဆောင်ခရိုင်၊ တာ့ခ်ခရိုင်၊ အနောက်ပိုင်း ပရကျူပ်ခီရီခန်နဲ့ အနောက်မြောက်ပိုင်း ကန်ကျနပူရီ စတဲ့ နယ်စပ်ဒေသဘက်ကနေ တရာမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား စုစုပေါင်း ၂၈၈ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

မယ်ဟောင်ဆောင်မှာဆိုရင် ဒီကနေ့ မေ ၁၂ ရက် မနက်က စစ်တပ်နဲ့ နယ်ခြားစောင့်ရဲတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ နယ်စပ်တလျှောက် လှည့်လည်စစ်ဆေးစဉ် ပန်မဖာ့မြို့နယ် နားပူပွမ့်အုပ်စု ဆောပဲကျေးရွာအနီး တောထဲမှာ လမ်းလျှောက်ပြီး ဝင်ရောက်လာတဲ့ မြန်မာ ၅၀ ဦးကို ဖမ်းဆီးရမိတယ်လို့ မယ်ဟောင်ဆောင်ဒေသတွင်း သတင်းမှာ ဖော်ပြပါတယ်။

ပရကျူပ်ခီရီခန်မှာတော့ မေ ၁၀ ရက်မှ  ၁၁ ရက်အတွင်း တရားမဝင် မြန်မာ အမျိုးသား ၈၉ ဦး၊ အမျိုးသမီး ၆၉ ဦး၊ စုစုပေါင်း ၁၅၈ ဦးကို လမ်းပြ ၂ ယောက်၊ ကား ၂ စီးနဲ့အတူ  ဖမ်းမိကြောင်း၊ သူတို့ကို ပရကျူပ်ခီရီခန်မြို့နယ် အောဝ်နွဲ့နဲ့ ဟွေဆိုင်းကျေးရွာအုပ်စုရှိ နေရာပေါင်း ၄ ခုကနေ ဖမ်းဆီးရမိခဲ့တာလို့ ထိုင်းစစ်တပ်သတင်းမှာ ဖော်ပြပါတယ်။

ကန်ကျနပူရီခရိုင်ထဲမှာလည်း မေ ၁၀ ရက်မှ ၁၁ ရက်အတွင်း အမျိုးသား ၃၉ ဦး၊ အမျိုးသမီး ၃၆ ဦး၊ စုစုပေါင်း ၇၅ ဦးကို လမ်းပြ ၁၀ ဦး၊ ကား ၅ စီးနဲ့အတူ ဖမ်းမိကြောင်း၊ သူတို့ကို ကန်ကျနပူရီမြို့နယ် ဘန့်ကောင်အုပ်စုနဲ့ ထောင်းဖာဖူးအုပ်စု၊ ဆိုင်းယုဒ်မြို့နယ် ပေါင့်တိအုပ်စု စတဲ့ ဒေသထဲက ၇ နေရာမှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

ပရကျူပ်ခီရီခန်နဲ့ ကန်ကျနပူရီမှာ ဖမ်းဆီးရမိသူတွေဟာ ပဲခူး၊ ရန်ကုန်၊ မန္တလေး၊ ထားဝယ်၊ မြိတ်၊ မကွေး၊ မော်လမြိုင် စတဲ့ဒေသကလာပြီး ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ အတွင်းပိုင်းမှာ အလုပ်သွားလုပ်ဖို့ ပွဲစားကို တဦး ဘတ် ၂၀,၀၀၀ မှ ၂၅,၀၀၀ ထိ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

တာ့ခ်ခရိုင် မဲဆောက်မှာတော့ မေ ၁၁ ရက်က တရားမဝင် ဝင်လာတဲ့ မြန်မာအမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦးကို ဖမ်းမိကြောင်း၊ သူတို့ဟာ သောင်ရင်းမြစ်ကိုဖြတ်ပြီး မဲဆောက်မြို့နယ် မယ်ကုအုပ်စု မယ်ကုလုံရွာအနီး တောထဲမှာ ခြေလျင်လျှောက်ဝင်လာစဉ် ဖမ်းမိတာလို့ မဲဆောက်ဒေသတွင်းသတင်းမှာ ဖော်ပြသွားပါတယ်။

မြန်မာအလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံထဲကို တရားဝင် အလုပ်ဝင်ရောက်နိုင်ဖို့  ထိုင်း-မြန်မာ နှစ်နိုင်ငံအစိုးရက MOU နှစ်နိုင်ငံသဘောတူစာချုပ် ချုပ်ဆိုထားပေမဲ့လည်း တရားမဝင် ဝင်ရောက်မှုတွေ ရှိနေဆဲဖြစ်ပြီး ဖမ်းဆီးခံရတာလည်း နေ့စဉ် ရာဂဏန်းထိ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013