DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းစစ်ကောင်စီ၏လုပ်ရပ် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုမြောက်ဟု ကုလစုံစမ်းရေး အကြီးအကဲပြော
DVB
·
March 30, 2021
အာဏာသိမ်းစစ်ကောင်စီ၏လုပ်ရပ် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုမြောက်ဟု  ကုလစုံစမ်းရေး အကြီးအကဲပြော
Donate to DVB

အာဏာသိမ်းစစ်ကောင်စီက လတ်တလော ဆန္ဒပြသူတွေကို  အကြမ်းဖက် သတ်ဖြတ်နေတာဟာ Crimes Against Humanity ခေါ် လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်ကြောင်း ကုလသမဂ္ဂက ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ရေးအဖွဲ့ အကြီးအကဲ   နီကိုလစ်ကွန်ဂျွန်က ပြောကြားလိုက်ပါတယ်။

“ကျနော်တို့စုံစမ်းစစ်ဆေးမှုတွေက အစကနဦးပဲ ရှိပါသေးတယ်။ ဒါပေမဲ့ တခြားနိုင်ငံတွေမှာ စစ်ဆေးခဲ့ဖူးတဲ့ ကျနော်ရဲ့ အတွေ့အကြုံအရ အခု မြန်မာနိုင်ငံအတွင်း ဖြစ်နေတာဟာ လူတွေအများအပြားကို စနစ်တကျ သတ်ဖြတ်နေတဲ့ ရာဇဝတ်မှု မြောက်တာ ထင်ရှားပါတယ်။ စစ်တပ်ရဲ့ ဖမ်းဆီး၊ သတ်ဖြတ်၊ နှိပ်စက်မှုတွေဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ စနစ်တကျ ဖြစ်ပွားနေတာဖြစ်ပြီး စစ်တပ်ရဲ့ မူဝါဒတခု အဖြစ်လုပ်နေတာ ထင်ရှားပါတယ်။ ဒါဟာ နိုင်ငံတကာ ရာဇတ်မှုကြောင်း ဥပဒေအရ ကြည့်မယ်ဆိုရင် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု (Crimes Aganist Humanity)  မြောက်ပါတယ်” လို့ မစ္စတာ နီကိုလစ် ကွန်ဂျွန်က ပြောဆိုသွားပါတယ်။

 ကမ္ဘာမှာ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုအတွက် ပထမဆုံး ခုံရုံးတင်အပြစ်ပေးခဲ့တာကတော့ ဒုတိယကမ္ဘာစစ်အပြီး နာဇီဂျာမန် စစ်ဗိုလ်ချုပ်တွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ကုလသမဂ္ဂလူ့အခွင့် အရေးကောင်မရှင်က ၂၀၁၈ ခုနှစ်က ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ဒီအဖွဲ့ဟာ ၂၀၁၁ ခုနှစ်ကစပြီး မြန်မာနိုင်ငံအတွင်းဖြစ်ပွားခဲ့တဲ့ ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖော်ထုတ်ပြီး နိုင်ငံတကာ တရားခုံရုံးတခုခုမှာ အပြစ်ရှိသူတွေကို စီရင်ချက်ချနိုင်ဖို့ အမှုတွဲပြင်ဆင်ထားဖို့ ဖြစ်ပါတယ်။

ဒီအဖွဲ့ရဲအကြီးအကဲအဖြစ် နီကိုလစ်ကွန်ဂျွန်ကို ခန့်အပ်ခန့်ပြီး သူ့ဟာ   ကမ္ဘာစစ်ရာဇတ်ကောင်တွေကို နိုင်ငံတကာရာဇတ်ဝတ်ခုံရုံး (အိုင်စီစီ) အပါအဝင် နိုင်ငံတကာတရား ခုံရုံးတွေမှာ စုံစမ်းဖော်ထုတ်ခဲ့သူတဦးလည်း ဖြစ်ပါတယ်။ သူနဲ့ ဒီဗွီဘီ မေးမြန်းခန်း အပြည့်အစုံကို မနက်ဖြန်  ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013