
ကာရာဘောင်ဖလား ဗိုလ်လုပွဲအပြီးမှာ အာဆင်နယ်အသင်းရဲ့ အဓိကကစားသမား ၆ ယောက်ဟာ ဒဏ်ရာအသီးသီးကြောင့် နိုင်ငံအသင်းပွဲစဉ်တွေကနေ နုတ်ထွက်သွားခဲ့ပါတယ်။
ဘရာဇီးနောက်ခံလူ ဂါဘရီရယ်ဟာ မန်စီးတီးနဲ့ပွဲအပြီး ဒူးဒဏ်ရာကြောင့် ဘရာဇီးအသင်းကနေ နုတ်ထွက်ခဲ့သလို ဆလီဘာ (ပြင်သစ်)၊ ထရော့ဆက် (ဘယ်လ်ဂျီယံ)၊ တင်ဘာ (နယ်သာလန်) နဲ့ အီဇီ (အင်္ဂလန်) တို့ဟာလည်း ဒဏ်ရာအခြေအနေတွေကြောင့် သက်ဆိုင်ရာ နိုင်ငံအသင်းတွေဆီ မသွား ရောက်နိုင်တော့တာပါ။
အသင်းခေါင်းဆောင် အိုဒီဂတ်ကတော့ ဒူးဒဏ်ရာကနေ ပြန်လည်သက်သာလာစေဖို့ နော်ဝေအသင်း လူစာရင်းကနေ ကြိုတင်ချန်လှပ်ခံထားရတာ ဖြစ်ပါတယ်။
တဖက်မှာတော့ နောက်ခံလူ ဘင်ဝှိုက်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားနောက်ပိုင်း အင်္ဂလန်အသင်းဆီ ပထမဆုံးအကြိမ် ပြန်လည်ခေါ်ယူခြင်း ခံခဲ့ရပါတယ်။
အာဆင်နယ်ဟာ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ပရီးမီးယားလိဂ်၊ FA ဖလားနဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေ ကို အကြိတ်အနယ် ကစားရတော့မှာဖြစ်လို့ ဒီဒဏ်ရာပြဿနာတွေဟာ နည်းပြ အာတီတာအတွက် စိုးရိမ်စရာ ဖြစ်နေပါတယ်။
Photo:Reuters










