
ချဲလ်ဆီးအသင်း နောက်ခံလူဟောင်း မာ့ခ် ကူကူရယ်လာဟာ သူ့ရဲ့ စပိန်လက်ရွေးစင်အသင်းနည်းပြ လူးဝစ် ဒယ်လာဖွန်တေရဲ့ ရုပ်ပုံကို ခန္ဓာကိုယ်မှာ တက်တူးထိုးခဲ့ပါတယ်။
နည်းပြ ဖွန်တေက စပိန်အသင်းကို ကမ္ဘာ့ဖလားချန်ပီယံဆုကြီး ရရှိအောင် စွမ်းဆောင်ပေးခဲ့သူပါ။ ကူကူရယ်လာကတော့ နည်းပြအပေါ်ထားတဲ့ သူ့ရဲ့ကတိကို အခုလို တည်ခဲ့တာ ဖြစ်ပါတယ်။
ကူကူရယ်လာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး မစတင်ခင်တုန်းက နည်းပြ လူးဝစ် ဒယ်လာ ဖွန်တေကို ကတိတခု ပေးထားခဲ့တာပါ။
စပိန်အသင်း ကမ္ဘာ့ဖလားရရှိခဲ့ရင် နည်းပြရဲ့ပုံကို သူ့ခန္ဓာကိုယ်မှာ တက်တူးထိုးမယ်လို့ သူက ကတိပြုခဲ့တာပါ။
အခုတော့ စပိန်အသင်း ကမ္ဘာ့ဖလားဆုကြီး ရရှိခဲ့လို့ ကတိအတိုင်း တက်တူးထိုးပြီး ကတိတည်ခဲ့တာ ဖြစ်ပါတယ်။










