မကွေးပိုစ့်သတင်းထောက် တင်ရွှေ (မင်းဘူး) ဖမ်းဆီးခံရ
DVB
·
March 27, 2021

မကွေးအခြေစိုက် မကွေးပို့စ် သတင်းဌာနက သတင်းထောက် တင်ရွှေမင်းဘူးကို မတ်လ ၂၆ ရက်နေ့မှာ မင်းဘူးရဲစခန်းက ဖမ်းဆီးခဲ့ပြီးတော့ ညနေပိုင်းမှာ မကွေးထောင်ကို ပို့လိုက်တယ်လို့ သိရပါတယ်။
မကွေးပိုစ့်သတင်းဌာနရဲ့ သတင်းထောက်တင်ရွှေ (မင်းဘူး) ကို မင်းဘူးရဲစခန်းက မတ်လ ၂၆ ရက်နေ့မနက်ပိုင်းမှာ ဖမ်းဆီးစစ်ဆေးခဲ့တာပါ။
ရဲစခန်း တာဝန်ရှိသူတွေက မတ်လ ၂၆ ရက်နေ့နေလယ်ပိုင်းမှာ ဦးတင်ရွှေရဲ့ ဆိုင်ကယ် လာယူဖို့ ဖုန်းဆက်တယ်လို့ သူ့မိသားစုက ပြောပါတယ်။
မကွေးအခြေစိုက် သတင်းထောက် ဦးတင်ရွှေကို ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ထားတယ်လို့ သိထားရပါတယ်။










