DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်းမှု ၅၄ ရက်အကြာ လူထုဆန္ဒပြပွဲတွင်း ကျဆုံးသူ ၃၂၈ ဦးရှိလာ
DVB
·
March 27, 2021
စစ်အာဏာသိမ်းမှု ၅၄ ရက်အကြာ လူထုဆန္ဒပြပွဲတွင်း ကျဆုံးသူ ၃၂၈ ဦးရှိလာ
1 / 2
Donate to DVB

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲတွေအတွင်း မတရားအ ကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ကျဆုံးသူစုစုပေါင်း ၃၂၈ ယောက်ထိရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါ တယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၂၆ ရက်အထိ မှတ်တမ်း ပြုစုထား တာဖြစ်ပြီး ဒီအရေအတွက်ဟာ အေအေပီပီမှ ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီ့ထက် ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ စုစုပေါင်းကတော့ ၃၀၇၀  ယောက်ထိ ရှိနေခဲ့ပြီဖြစ်ကာ အဲဒီထဲက ထောင်ဒဏ်ချမှတ်ခံထားရသူ ၂၄ ယောက်၊ အမှု ဖွင့်ခံထားရပြီး ဖမ်းဝရမ်း ထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ ၁၁၇ ယောက်နဲ့ ခု ရက်ပိုင်းတွေအတွင်း ပြန်လည်လွတ်မြောက်လာသူတွေလည်း ရှိနေပါတယ်။

မတ် ၂၆ ရက်နေ့မှာတော့ အာဏာသိမ်း စစ်အုပ်စုရဲ့ အကြမ်းဖက် ဖြိုခွင်းမှုကြောင့် တနင်္သာရီတိုင်း မြိတ်မြို့၊ ပဲခူးတိုင်း ကျောက်တံခါးမြို့၊ ကချင်ပြည်နယ် မိုးညှင်းမြို့တွေက အရပ်သားပြည်သူ ၆ ယောက် ကျဆုံးသွားခဲ့တယ်လို့ ကောက်ခံရရှိတဲ့ မှတ်တမ်းတွေအရ အေအေပီပီက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အာဏာသိမ်းမှု ၅၄ ရက်တိုင်ရှိလာပြီဖြစ်ပေမယ့် ပြည်သူလူထုဟာ စစ် အုပ်စုရဲ့  နည်းမျိုးစုံနဲ့ ရက်စက်စွာ ဖိနှိပ်မှု၊ ဖြိုခွင်းမှုတွေကို ဆက်လက် ဆန့်ကျင်တော် လှန်နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ နေ့စဉ်ရက်ဆက်ဆိုသလို ကျဆုံး၊ ဒဏ်ရာရရှိမှု၊ ဖမ်းဆီးမှု၊ ညှဉ်းပန်းနှိပ်စက်မှုတွေ တိုးနေပြီး ဖျက်ဆီးမှု၊ မီးရှို့မှု၊ လုယက်မှု၊ ဖောက်ထွင်းမှု နဲ့ အဖျက်အမှောင့် လုပ်ရပ်တွေဟာလည်း မြန်မာပြည်အနှံ့ ဆိုးရွားစွာ ဖြစ်ပေါ်နေတယ် လို့ ဆိုပါတယ်။

အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီး သီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက ဆက်သွယ် အသိပေး၊ အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

ဒါ့အပြင် ဥပဒေပိုင်းဆိုင်ရာအကူအညီလိုအပ်ပါကလည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) မှ  ကိုအောင်ကြီး၊ ဖုန်း - ၀၉၄၅၁၅၂၉၀၀၀ နဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်သီတာလဲ့လဲ့ထွန်း၊ ဖုန်း -  ၀၉၇၇၄၀၈၁၅၈၅ တို့ကို  ဆက်သွယ်နိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013