DVB Logo
Home
မြန်မာသတင်း
မန္တလေးတိုင်း စစ်ကောင်စီအစည်းအဝေးကို MRCCI အမှုဆောင်များ မတက်ရောက်
DVB
·
March 26, 2021
မန္တလေးတိုင်း စစ်ကောင်စီအစည်းအဝေးကို MRCCI အမှုဆောင်များ မတက်ရောက်
Donate to DVB

မန္တလေးတိုင်းဒေသကြီးစစ်ကောင်စီက ဒုတိယအကြိမ်မြောက် စာထုတ်ပြီး ခေါ်တဲ့ တွေ့ဆုံရေး အစည်းအဝေးကို မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (MRCCI) ရဲ့ ဗဟိုအလုပ်အမှုဆောင်တွေရော၊ တခြားအလုပ်အမှုဆောင် အားလုံးကပါ  လုံးဝမတက်ရောက်ကြဘူးလို့  အသင်းသားတွေ ထံက သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ မှာလည်း MRCCI ဥက္ကဋ္ဌ နဲ့ CEC အဖွဲ့ဝင်တွေ၊ ညီနောင်အသင်းတွေရဲ့ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေကိုပါ စစ်ကောင်စီ လက်အောက်က မန္တလေးတိုင်းစစ်ကောင်စီနဲ့ တွေ့ဆုံကြဖို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊စားသုံးသူရေးရာ ဦးစီးဌာနကနေ တဆင့် ဖိတ်ကြားခဲ့ပေမယ့် တက်ရောက်သူ မရှိခဲ့ပါဘူး။

ပထမအကြိမ် မတက်ရောက်ခဲ့ကြတဲ့ အတွက် မတ်လ ၂၅ ရက်နေ့မှာ ကျင်းပမယ့် အစည်းအဝေးကို MRCCI အသင်းကြီးရဲ့ ဥက္ကဋ္ဌ CEC နဲ့ EC အဖွဲ့ဝင်တွေသာ မပျက်မကွက်(မပျက်မကွက်) တက်ရောက်ကြဖို့ ဒုတိယအကြိမ် ထပ်မံဖိတ်ကြားခဲ့ပေမယ့်လည်း တက်ရောက်သူ မရှိခဲ့ကြဘူးလို့ သိရပါတယ်။

မန္တလေးတိုင်းစစ်ကောင်စီက ခန့်အပ်တဲ့ မြို့တော်ဝန်ရာထူးကို ရယူထားတဲ့ ဦးမောင်ကိုဟာ MRCCI အသင်းမှာလည်း နာယကအဖြစ် တာဝန်ယူထားသူလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013