DVB Logo
Home
မြန်မာသတင်း
မန္တလေးခရိုင်အတွင်း ကျပ် ၇၀၀၀ ကျော်တန်ဖိုးရှိ စားကုန်များကို ၂၀၀၀ ကျပ်ဖြင့် ရောင်းချပေး
DVB
·
June 14, 2020
မန္တလေးခရိုင်အတွင်း ကျပ် ၇၀၀၀ ကျော်တန်ဖိုးရှိ စားကုန်များကို ၂၀၀၀ ကျပ်ဖြင့် ရောင်းချပေး
1 / 2
Donate to DVB

ကိုဗစ်-၁၉ ကြောင့် အခြေခံစားသောက်ကုန်နဲ့ ကုန်ဈေးနှုန်းတည်ငြိမ်ဖို့အတွက် မန္တလေးခရိုင်အတွင်းက မြို့နယ်တွေမှာ မန္တလေးတိုင်း ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (MRCCI) နဲ့ ညီနောင်အသင်းတွေ ပူးပေါင်းပြီး  ၇၀၀၀ ကျော်တန်ဖိုးရှိတဲ့ စားသောက်ကုန်တွေကို ၂၀၀၀ ကျပ်နဲ့ ရောင်းချပေးခဲ့ပါတယ်။

ကိုဗစ်-၁၉ ကာလ ကုန်ဈေးနှုန်း တည်ငြိမ်အောင် ပထမအကြိမ်နဲ့ ဒုတိယအကြိမ် အခြေခံစားသောက်ကုန်တွေ ရောင်းချပေးပြီး အခု တတိယအကြိမ်အဖြစ် ရောင်းချပေးတာလို့ MRCCI အသင်းရဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောပါတယ်။

“အခြေခံလူတန်းစားတွေက တကယ်တမ်းက ခက်ခဲလာပြီ၊ ခက်ခဲလာတဲ့အချိန်မှာ ကျနော်တို့က တတိယအကြိမ်၊ အရင်တုန်းကကျတော့ ၃၅၀၀ ဦးရေ၊ အခုချိန်ကကျတော့ ၇၀၀၀၊ တမြို့နယ်ကို ၁၀၀၀ အခုက ပိုများသွားတယ်။ အရင်တုန်းက ၅၀၀၀၊ ၆၀၀၀ ကျော်လောက် တန်ဖိုးကို ၂၀၀၀ နဲ့ ရောင်းတယ်၊ ခုက ၇၁၅၀ တန်ဖိုးကို ၂၀၀၀ နဲ့ ရောင်းပေးတယ်။ ပထမကတော့ ဒီတိုင်းပဲ ဝေဖို့၊ ဒါပေမဲ့ ဒါလေးကို တန်ဖိုးရှိစေချင်လို့ ငွေနှစ်ထောင်ဆိုတာ သတ်မှတ်ပေးထားတာ။ တချို့ကျတော့ ဒီတိုင်းဝေလိုက်ရင် တန်ဖိုးမထားဘူး။”

တတိယအကြိမ်မှာ အသင်းနဲ့ ညီနောင်အသင်းတွေ လှူဒါန်းငွေအပါအဝင် စုစုပေါင်း သိန်း သုံး လေးရာလောက်နဲ့ မ တည်ပြီး လျှော့ဈေးနဲ့ ရောင်းချပေးတာလို့ ဆိုပါတယ်။

ကိုဗစ်ကာလအတွင်း အခုလို သင့်တင့်လျော့နည်းတဲ့နှုန်းထားနဲ့ စားသောက်ကုန်တွေ လိုက်လံရောင်းချပေးတာဟာ အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေအတွက် အထောက်အပံ့ဖြစ်စေတယ်လို့ ပြည်သူတချို့က ပြောပါတယ်။

ချမ်းအေးသာစံမြို့နယ်၊ ဒေးဝန်းအနောက်ရပ်ကွက်၊ အကွက် ၃၂၀ အကွက်မှူး ဦးဝေမျိုးညွန့် က “စားဝတ်နေရေး အခြေအနေအရရော၊ ကျန်းမာရေးအခြေအနေအရရော တော်တော်များများ ပြည့်စုံပါတယ်ဗျ။ Mask တွေတို့၊ Handgel တွေတို့ဆိုတာ ဒီဘက်မှာတော့ အသုံးနည်းကြတယ်။ ဒီလိုလေး ထောက်ပံ့ပေးတော့ သူတို့ ကျန်းမာရေးအနေနဲ့ အထောက်အကူလည်း ရပါတယ်။ စားဝတ်နေရေးကျတော့ အခု ဆီပါမယ်၊ ဆန်ပါမယ်၊ ကြက်သွန် ပါမယ်ဆိုတော့ သူတို့ တဖက်တလမ်းက အဆင်ပြေကြပါတယ်။ ကျန်းမာရေးအတွက်လည်း အဆင်ပြေကြပါတယ်” လို့ ပြောပါတယ်။

အစိုးရ အထောက်အပံ့ပေးရာမှာ မရလိုက်တဲ့သူတွေကိုလည်း ဦးစားပေး ခေါ်ပြီး ရောင်းချပေးနေတယ်လို့ ဆိုပါတယ်။

တတိယအကြိမ် ရောင်းချပေးတဲ့ အခြေခံစားသောက်ကုန်တွေက Handgel နဲ့ နှာခေါင်းစည်း Mask တွေပါ ထည့်သွင်းရောင်းချပေးတာဖြစ်ပြီး ပဲဆီသန့် ၁၅ ကျပ်သား၊ ဆန် ၁ ပြည်၊ လက်ဖက်နဲ့ ပဲကြော် သုံးထုပ်စီ၊ A 1 family ငရုတ်သီးမှုန့် ၁ ထုပ်၊ ကြက်ဥခြောက်လုံး၊ Reusable Mask နှာခေါင်းစည်း ၃ ခု၊ လက်သန့်ဆေးရည် ၁ ဘူး၊ ကြက်သွန်နီ ၁ ပိဿာ၊ ကုလားပဲ ၅၀ ကျပ်သား၊ သားသား အမှတ်တံဆိပ် ဆန်ပြုတ် ၁ ထုပ်တို့ကို ပါတယ်လို့ သိရပါတယ်။

အခုအကြိမ်မှာတော့ တမြို့နယ်ကို လူဦးရေ ၁၀၀၀ နှုန်းနဲ့ ၇ မြို့နယ် ရောင်းချပေးနေတယ်လို့ သိရပါတယ်။

ထိန်ထိန်လင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013