DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်ဆန့်ကျင်ရေး ဟုမ္မလင်းညသပိတ်ကို အကြမ်းဖက်စစ်အုပ်စုက သေနတ်ပစ်ဖောက် လူစုခွဲ
DVB
·
March 23, 2021
စစ်အာဏာရှင်ဆန့်ကျင်ရေး ဟုမ္မလင်းညသပိတ်ကို အကြမ်းဖက်စစ်အုပ်စုက သေနတ်ပစ်ဖောက် လူစုခွဲ
1 / 5
Donate to DVB

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့မှာ မတ်လ ၂၂ည ၇ နာရီက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ ပြည်သူတွေကို အကြမ်းဖက်စစ်အုပ်စုက သေနတ်ပစ်ဖောက် လူစုခွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဟုမ္မလင်းဒေသခံတဦးက “ကျနော်တို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ကိုရပ်ကွက်အလိုက်ပြုလုပ်တယ်။ အကြမ်းဖက်စစ်တပ်က သေနတ်နှစ်ချက်ဖောက်ပြီး လူစုခွဲပါတယ်။  ရပ်ကွက်က သံဗုံးတီးကြတယ်။ ဆန္ဒပြသူတွေ ရှောင်ပုန်းကြတယ်။ အထိအခိုက်ဒဏ်ရာရတာ မရှိပါဘူး” လို့ ပြောပါတယ်။

ဟုမ္မလင်းမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်းရေး ညသပိတ်ကို ရပ်ကွက်တော်တော်များများမှာ ညစဉ် ပြုလုပ်နေကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013