DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်ပြေးဒုက္ခသည် ၄ သောင်းခန့် ခိုလှုံနိုင်မည့် ထိုင်းစစ်တပ်က ကယ်ဆယ်ရေးစခန်းများ ပြင်ဆင်
DVB
·
March 20, 2021
မြန်မာစစ်ပြေးဒုက္ခသည် ၄ သောင်းခန့် ခိုလှုံနိုင်မည့် ထိုင်းစစ်တပ်က ကယ်ဆယ်ရေးစခန်းများ ပြင်ဆင်
Donate to DVB

ထိုင်းစစ်တပ်က မြန်မာစစ်ပြေးဒုက္ခသည် ၄ သောင်းလောက် ခိုလှုံနိုင်မယ့် နယ်စပ် ကယ်ဆယ်ရေးစခန်း ၂၃ ခုကို ပြင်ဆင်နေတယ်လို့ ထိုင်းနိုင်ငံထုတ် နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။

          အဲဒီ ကယ်ဆယ်ရေး စခန်းတွေကိုတော့ ထိုင်းနိုင်ငံနယ်စပ် တာ့ခ်ခရိုင်ထဲမှာ ပြင် ဆင်နေတာဖြစ်ပြီး မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုမှာ အကြမ်းဖက် ဖြိုခွင်းခံရလို့ ထွက်ပြေးလာသူတွေအတွက် ရည်ရွယ်တာလို့ ဆိုပါတယ်။

          လတ်တလောမှာတော့ ထွက်ပြေးခိုလှုံလာကြမယ့် သူတွေကို ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုတွေလုပ်ဆောင်သွားဖို့ အကြမ်းဖျဉ်း အစီအစဉ်တခုရေးဆွဲပြီး နေရာချထားပေးဖို့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

          နယ်စပ်ဒုက္ခသည်စခန်းတွေဆီ ခိုလှုံလာသူတွေကိုတော့ အုပ်စု ၃ စုခွဲခြားသတ်မှတ် ထားတာဖြစ်ပြီး ပထမအုပ်စုမှာတော့ မြန်မာနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ထိုင်းနိုင်ငံသားတွေ၊ ဒုတိယအုပ်စုမှာတော့ မြန်မာနိုင်ငံသား အရပ်သားနဲ့ လက်နက်ကိုင်တွေ၊ တတိ ယအုပ်စုမှာတော့ နိုင်ငံခြားသားတွေ၊ နိုင်ငံတကာအစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး ခိုလှုံသူတွေ ပါဝင်မှာ ဖြစ်ပါတယ်။          လက်ရှိပြင်ဆင်နေတဲ့ ဒုက္ခသည်စခန်း ၂၃ ခုမှာ ခိုလှုံသူ ၃၉,၄၀၀ လောက် နေထိုင် နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013