DVB Logo
Home
မြန်မာသတင်း
ကယ်ဆယ်ရေးစခန်းများတွင် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့ပါက ထိန်းချုပ်ရန် ခက်ခဲနိုင်
DVB
·
August 25, 2020
ကယ်ဆယ်ရေးစခန်းများတွင် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့ပါက ထိန်းချုပ်ရန် ခက်ခဲနိုင်
Donate to DVB

ရခိုင်ပြည်နယ်အတွင်း ကယ်ဆယ်ရေးစခန်းတွေမှာ လူဦးရေများနေတာဟာ  ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အခုတွေ့နေရတဲ့ ကိုဗစ်-၁၉ ရောဂါဟာ ဒီအရင်က ရန်ကုန်တိုင်းနဲ့ တခြားတိုင်းနဲ့ ပြည်နယ်တွေမှာ တွေ့ခဲ့ရတာနဲ့ မတူဘဲ အလျင်အမြန်ကူးစက်နေတာဖြစ်လို့ ကျန်းမာရေးအသိမြင့်မားမှပဲ ထိထိရောက်ရောက် ထိန်းချုပ်နိုင်မှာ ဖြစ်တယ်လို့ မနေ့ကရက်စွဲနဲ့ ကျန်းမာရေးဌာနက ထုတ်ပြန်လိုက်တာပါ။

ကယ်ဆယ်ရေးစခန်းမှာနေထိုင်သူတွေဆီမှာ ကိုဗစ်-၁၉ ပျံ့ပွားပြီဆိုရင် ပုံမှန်အခြေအနေ ထက် ထိန်းချုပ်ဖို့ ခက်ခဲတာကြောင့် ရောဂါပျံ့ပွားတာကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ဖို့ သက်ဆိုင်ရာ ကယ်ဆယ်ရေး စခန်းတွေရဲ့ စီမံခန့်ခွဲမှုနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ အခန်းကဏ္ဍဟာ အင်မတန်အရေးကြီးတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်သူတွေအနေနဲ့ မိုးလုံလေလုံနေရာတွေမှာ တတ်နိုင်သမျှ တယောက်နဲ့ တယောက် ၆ ပေ အကွာမှာပဲ နေကြဖို့၊ ရိက္ခာ စတာတွေ ပေးဝေတဲ့အခါ လူစုလူဝေးမဖြစ်အောင် လုပ်ဖို့၊ ကျန်းမာရေးပြဿနာဖြစ်လာရင် ကျန်းမာရေးဌာနကို ချက်ချင်း အကြောင်းကြားဖို့နဲ့ အခမဲ့တာဝန်ယူကုသပေးတာကို အသိပညာပေးဖို့ စတဲ့ အချက်တွေကို စခန်း အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေ၊ ကယ်ဆယ်ရေးစခန်းမှာနေထိုင်သူတွေနဲ့ ကူညီပေးနေသူတွေ အတွက် လမ်းညွှန်ကိုလည်း ထုတ်ပြန်လိုက်ပါတယ်။

ကယ်ဆယ်ရေးစခန်းမှာနေထိုင်သူတွေအနေနဲ့ ကိုယ့်သဘောနဲ့ကိုယ် စခန်းအပြင်ကို မထွက်ကြဖို့၊ တဖက်နိုင်ငံကို မသွားကြဖို့နဲ့ ကျူးလွန်ရင်တော့ အရေးယူခံရမယ်လို့လည်း ဆိုပါတယ်။

မြောက်ဦးမှာ ကိုဗစ်-၁၉ အတည်ပြုလူနာဖြစ်ခဲ့တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတခုက ဝန်ထမ်း ၃ ယောက်ဟာ စစ်ဘေးရှောင်စခန်းတွေကို သွားရောက်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေဖြစ်တယ်လို့ Relief International (RI) က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013