
မုံရွာမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး ပင်မသပိတ်စစ်ကြောင်းကို မတ်လ ၁၉ ရက်နေ့က လူအင်အားထောင်နဲ့ချီစုဝေးကာ ရပ်ကွက်လမ်းတွေထဲ လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။
ပြည်သူတွေအနေနဲ့ ရပ်ကွက်တွေထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တပ်တွေကို နေရာမပေးဖို့၊ ရရာလက်နက်စွဲကိုင်တော်လှန်ကြဖို့ ဆန္ဒပြပွဲထိုင်သပိတ် ပြုလုပ်ရာမှာ သပိတ်ကော်မတီဝင်တွေက ပြောဆိုခဲ့ကြပါတယ်။
မတ်လ ၁၈ ရက်နေ့ထိ AAPP ရဲ့ ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးမှာ စစ်အာဏာရှင် ဆန့်ကျင်ရင်းသေဆုံးသူ ၂၂၄ ဦးရှိနေပြီး ဖမ်းဆီးခံရသူ ၂၂၅၈ ဦးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်းမှာ မတ်လ ၁၈ ရက်နေ့ထိ သေဆုံးတဲ့ ပြည်သူအနေနဲ့ မုံရွာမြို့မှာ ၁၁ ဦး၊ ကလေးမြို့မှာ ၅ ဦး၊ ချောင်းဦးနှင့် ကောလင်းမြို့တို့မှာ တစ်ဦးစီနဲ့ စုစုပေါင်း ၁၈ ဦးရှိနေပြီ ဖြစ်ပါတယ်။










