DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့က အတားအဆီးများအား အရပ်သားများကို အကြမ်းဖက်စစ်တပ်နှင့်ရဲက ခေါ်ယူ ဖယ်ရှားခိုင်း
DVB
·
March 18, 2021
ရန်ကုန်မြို့က အတားအဆီးများအား အရပ်သားများကို အကြမ်းဖက်စစ်တပ်နှင့်ရဲက ခေါ်ယူ ဖယ်ရှားခိုင်း
Donate to DVB

ရန်ကုန်မြို့မှာ ဒီနေ့မနက် မြို့နယ်ရပ်ကွက်တွေထဲမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှု တွေ ဆက်ရှိနေပါတယ်။ 

တဖက်မှာလည်း အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက မြို့နယ်တွင်း လမ်းမတွေပေါ်မှာ ခုခံကာကွယ်ထားတဲ့ သဲအိတ်အတားအဆီးတွေကို လိုက်လံဖယ်ရှားရှင်းလင်းနေပါတယ်။ 

ဒီလို ရှင်းလင်းရာမှာ နီးစပ်ရာရပ်ကွက်တွေထဲက အရပ်သားတွေကို အင်အားသုံး ခေါ်ယူဖယ်ရှားခိုင်းနေတာကို တွေ့ရပါတယ်။ 

အရပ်သားတွေကို ခေါ်ယူပြီး လမ်းပေါ်အတားအဆီးတွေ ရှင်းလင်းဖယ်ရှားခိုင်းတာကို မနေ့ကတည်းက စစ်တပ်က အင်းစိန်၊ လှိုင်၊ သာကေတစတဲ့မြို့နယ်တွေမှာ စတင်ပြုလုပ်လာခဲ့ပါတယ်။ 

အင်းစိန် ကမ်းနားဘက်မှာတော့ တက္ကစီကားတွေကိုလည်း တားဆီးပြီး အရံအတား သဲအိတ်တွေကို သယ်သွားခိုင်းတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဒီလို အရပ်သားတွေ ဖယ်ရှားရှင်းလင်းနေတာကို စစ်တပ်က ဓာတ်ပုံ ဗွီဒီယိုရိုက်ယူထားပြီး ဆူပူအုံကြွမှုကို မလိုလားတဲ့ ရပ်ကွက်နေပြည်သူတွေက အတားအဆီးတွေ ရှင်းလင်းနေရကြောင်း ဝါဒဖြန့်သတင်းတွေကို စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြဝတီသတင်းတွေမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013