DVB Logo
Home
မြန်မာသတင်း
ယုဇနဥယျာဉ်မြို့တော်တွင် လူငယ် ၂ ဦး ထပ်မံကျဆုံး
DVB
·
March 16, 2021
ယုဇနဥယျာဉ်မြို့တော်တွင် လူငယ် ၂ ဦး ထပ်မံကျဆုံး
Donate to DVB

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်မှာ မတ် ၁၄ ရက်မှာပြုလုပ်တဲ့ ညသပိတ်ကို ရဲနဲ့စစ်တပ်က အကြမ်းဖက်ဖြိုခွင်းရာ လူငယ် ၂ ဦး ထပ်မံကျဆုံးတယ်လို့ မတ် ၁၅ ရက်မှာ အတည်ပြုခဲ့ပါတယ်။

သေဆုံးသွားတဲ့အလောင်းတွေဟာ သင်္ဃန်းကျွန်းစံပြဆေးရုံမှာ ရောက်နေခဲ့တာဖြစ်ပြီး အဲဒီထဲက အတည်ပြုတဲ့ လူငယ်နှစ်ဦးရဲ့အမည်ဟာ နန္ဒဖြိုးအောင်နဲ့ အောင်ဖြိုးထက်တို့ ဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ် နန္ဒဖြိုးအောင်ဟာ ဒဂုံတက္ကသိုလ်သမိုင်းမေဂျာကျောင်းသားဖြစ်ပြီး ခါးဘက်နံရိုးနား ကျည်ထိကျဆုံးတာ ဖြစ်ပါတယ်။

အောင်ဖြိုးထက်ရဲ့မိသားစုဝင်တွေက စံပြဆေးရုံမှာ Dead Body သွားထုတ်နေတုန်းလို့ သိရပါတယ်။ 

ဒဂုံဆိပ်ကမ်း ယုဇနဥယျာဉ်မြို့တော်မှာ သေဆုံးသူအရေအတွက်က ၃ ဦး အတည်ပြုထားပြီး ထိခိုက်ဒဏ်ရာ ရရှိသူတွေလည်း အများအပြားရှိနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013