DVB Logo
Home
နိုင်ငံတကာ
ချီလီ သမ္မတဟောင်း ဘာချေးလက် ကုလအတွင်းရေးမှူးချုပ်နေရာ ဝင်ပြိုင်မည်
DVB
·
July 23, 2026
Photo: REUTERS/Pierre Albouy/File Photo
Photo: REUTERS/Pierre Albouy/File Photo
Donate to DVB

၂၀၀၆ ကနေ ၂၀၁၀ အထိနဲ့ ၂၀၁၄ ကနေ ၂၀၁၈ အထိ နှစ်ကြိမ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့တဲ့ ချီလီနိုင်ငံက ပထမဆုံး အမျိုးသမီးသမ္မတအဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့တဲ့ မီရှဲလ် ဘာချေးလက်ဟာ ပထမဆုံး အမျိုးသမီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဖြစ်လာဖို့ ကြိုးပမ်းနေပါတယ်။

သူဟာ ကလေးအထူးကုဆရာဝန်နဲ့ ခွဲစိတ်ဆရာဝန်အဖြစ် လေ့ကျင့်သင်ကြားခဲ့ပြီး ပြည်သူ့ကျန်းမာရေးကို အထူးပြုရင်း နောက်ပိုင်းမှာ ချီလီနိုင်ငံရဲ့ အမျိုးသားနိုင်ငံရေးနဲ့ မဟာဗျူဟာလေ့လာရေး အကယ်ဒမီ၊ အမေရိကန်ပြည်ထောင်စုက Inter-American ကာကွယ်ရေးကောလိပ်တို့မှာ စစ်ရေးဗျူဟာကို လေ့လာခဲ့ပါတယ်။

၂၀၁၁ ခုနှစ်မှာတော့ ကမ္ဘာတဝန်းက အမျိုးသမီးတွေနဲ့ မိန်းကလေးတွေရဲ့ အခွင့်အရေးတွေကို မြှင့်တင်ဖို့ ရည်ရွယ်တဲ့ ကုလသမဂ္ဂ အမျိုးသမီးများ အစီအစဉ်ရဲ့ ပထမဆုံး ညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ခံရပြီး သူ့ရဲ့ နိုင်ငံတကာအလုပ်အကိုင်က ကျယ်ပြန့်လာခဲ့ပါတယ်။

သူဟာ ၂၀၁၈ ကနေ ၂၀၂၂ အထိ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ကမ္ဘာ့အရေးကြီးဆုံး ပထဝီနိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုတချို့ကို ရင်ဆိုင်ဖြေရှင်းခဲ့ပါတယ်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှာတော့ ချီလီသမ္မတ ဂါဘရီယယ် ဘိုရစ်က ဘာချေးလက်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် ခန့်အပ်ဖို့ တရားဝင် ကြေညာခဲ့ပါတယ်။

အဲဒီရာထူးအတွက် ချီလီနိုင်ငံအပြင် ဒေသတွင်း အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ ဘရာဇီးနဲ့ မက္ကဆီကိုနိုင်ငံတို့ကပါ ထောက်ခံခဲ့ကြတာပါ။

၂၀၂၇ ခုနှစ်မှာ စမဲ့ ၅ နှစ်သက်တမ်းအတွက် ကုလသမဂ္ဂကို ဘယ်သူဦးဆောင်မလဲဆိုတာ ဆုံးဖြတ်မဲ့ မဲပေးမှုမတိုင်မီ သူ့ကို အားကောင်းတဲ့ ပြိုင်ဘက်တယောက်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

ဒါပေမဲ့ သမ္မတ ဟိုဆေး အန်တိုနီယို ကက်စ် ကျမ်းသစ္စာ ကျိန်ဆိုပြီးတဲ့နောက် တလခွဲလောက် အကြာမှာ ချီလီနိုင်ငံက ဘာချေးလက်ရဲ့ ရာထူးအတွက် ထောက်ခံမှုကို ရုပ်သိမ်းတော့မယ်လို့ ကြေညာခဲ့ပါတယ်။

ကက်စ်ဟာ ဘာချေးလက်ရဲ့ သမ္မတသက်တမ်းကိုလည်း အကြိမ်ကြိမ် ဝေဖန်ခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013