DVB Logo
Home
မြန်မာသတင်း
လဝကဝန်ထမ်း ၂၅၀ ကျော်က စစ်ကောင်စီကို အာဏာဖီဆန် CDM ဝင်
DVB
·
March 10, 2021
လဝကဝန်ထမ်း ၂၅၀ ကျော်က စစ်ကောင်စီကို အာဏာဖီဆန် CDM ဝင်
Donate to DVB

မြန်မာနိုင်ငံတဝန်း တိုင်းနဲ့ပြည်နယ် မြို့နယ်အသီးသီးက အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့  လက်ထောက်ညွှန်ကြားရေးမှူး ၂ ဦး အပါအဝင် အောက်ခြေရုံး စောင့်အထိ စုစုပေါင်း  ၂၅၄ ဦး CDM ပါဝင်ထားတယ်လို့ သိရပါတယ်။

“ကျနော်တို့လဝကဝန်ထမ်းတွေ CDM မှာ ပါဝင်မှုနည်းပါတယ်။ အဲဒါကြောင့်  CDM ပါတဲ့သူတွေအတွက်လည်း အားတက်အောင်။ မပါဝင်သေးသူတွေအတွက်လည်း ပါဝင်‌လာအောင် CDM လဝက groupက သတင်းထုတ်ပြန်တာပါ” လို့ လဝက ဝန်ထမ်းတစ်ဦးကပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်ကစပြီး ပြည်သူလူထုနဲ့အတူဌာနဆိုင်ရာ ဝန်ထမ်းတွေကလည်း စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တော်လှန်နေခဲ့ကြတာဖြစ်ပြီး စစ်အာဏာသိမ်းမှု ၃၈ ရောက်မြောက်နေ့အထိ CDM ဝန်ထမ်းတွေ သောင်းနဲ့ချီရှိနေပြီ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013