DVB Logo
Home
မြန်မာသတင်း
ပဲခူးစက်မှုဇုန်က ဖိနပ်စက်ရုံလုပ်သားများ လခလစာရရှိရေးအတွက် ဆန္ဒထုတ်ဖော်
DVB
·
March 9, 2021
ပဲခူးစက်မှုဇုန်က ဖိနပ်စက်ရုံလုပ်သားများ လခလစာရရှိရေးအတွက် ဆန္ဒထုတ်ဖော်
1 / 7
Donate to DVB

ပဲခူးစက်မှုဇုန်က  New Meng Sheng ဖိနပ်စက်ရုံအလုပ်သမားတွေ  လုပ်ခလစာ မရရှိတဲ့အတွက် မတ်လ ၉ ရက် မနက်က အလုပ်မဆင်းဘဲ စက်ရုံရှေ့မှာ  ဆန္ဒထုတ်ဖော်နေကြပါတယ်။

ပဲခူးစက်မှုဇုံမှာ CMP စက်ရုံပေါင်း ၇၀ ကျော်ရှိပြီး စက်ရုံအတော်များများက စက်ရုံဝန်ထမ်းတွေလစာ ပုံမှန်ရရှိနေပေမယ့် New Meng Sheng ဖိနပ်စက်ရုံက ဝန်ထမ်းတွေကတော့ ဒီနေ့အထိ လုပ်ခလစာမရရှိသေးဘဲရှိတာပါ။ 

လစာမရတဲ့အတွက် အဆောင်ခတွေအပြင် လကုန်ပေးနဲ့ ဝယ်ယူစားသောက်ထားတဲ့ စျေးကြွေးတွေလည်း ပေးစရာမရှိဖြစ်နေပြီး  ကြွေးရှင်တွေ အဆောင်ပိုင်ရှင်တွေကလည်း တောင်းနေကြတဲ့အတွက် အခက်တွေ့နေကြတယ်လို့ ဝန်ထမ်းတွေက ပြောပါတယ်။

အဲဒီစက်ရုံမှာစက်ရုံဝန်ထမ်း ၂၀၀ ကျော်ရှိပြီး စက်ရုံဝန်ထမ်းတွေအနေနဲ့ကတော့ လုပ်ခလစာမရမချင်း အလုပ်မဆင်းပဲဆန္ဒထုတ်ဖော်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေမှာဖြစ်သလို ဒီကိစ္စနဲ့ပတ်သက်ပြီးစက်ရုံတာဝန်ရှိသူတွေနဲ့သွားရောက်တွေ့ဆုံခဲ့ပေမယ့် တွေ့ခွင့်မရရှိခဲ့ပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013